မန်စီးတီးအသင်းတိုက်စစ်မှူး ဂါဘရီယဲလ်ဂျေးဇူးနှင့် ညာနောက်ခံလူ ဝေါ်လ်ကာ သည် COVID-19 ရောဂါ Positive တွေ့ရှိ သဖြင့် နှစ်သစ်ကူးကာလပွဲစဉ်များကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။
ဂျေးဇူးနှင့် ဝေါ်လ်ကာတို့အပြင် ဝန်ထမ်းနှစ်ဦးလည်း Positive တွေ့ရှိကြောင်း မန်စီးတီးအသင်းက အတည်ပြုထုတ်ပြန်ခဲ့ပြီး ဗြိတိန်အစိုးရကချမှတ်ထားသည့် Quarantine စည်းမျဉ်းအတိုင်း နေထိုင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ "အဆိုပါလေးဦးစလုံးမှာ ပရီးမီးယားလိဂ်နှင့် ဗြိတိန်အစိုးရက သတ်မှတ်ထားသည့် Quarantine လုပ်ထုံးလုပ်နည်းများအတိုင်း သီးခြားခွဲ၍ နေထိုင်လျက် ရှိပါသည်" ဟု မန်စီးတီးအသင်းက ထုတ်ပြန်ခဲ့သည်။
ပရီးမီးယားလိဂ်၏စည်းမျဉ်းအရ Positive တွေ့ရှိသည့် ကစားသမားအနေဖြင့် ၁၀ ရက်ကြာ Quarantine နေထိုင်ရမည်ဖြစ်ရာ ဂျေးဇူးနှင့် ဝေါ်လ်ကာသည် မနေ့က Boxing Day ပွဲစဉ်အဖြစ် နယူးကာဆယ်နှင့် ကစားခဲ့သည့်ပွဲအပြင် ဒီဇင်ဘာ ၂၈ ရက်တွင် အဲဗာတန်၊ ဇန်နဝါရီ ၃ ရက်တွင် ချယ်လ်ဆီး အသင်းတို့နှင့်ပွဲကိုလည်း ထပ်မံလွဲချော်မည် ဖြစ်သည်။
ထို့ပြင် ဇန်နဝါရီ ၆ ရက်တွင် မန်ချက်စတာဒါဘီပြိုင်ဘက် မန်ယူအသင်းနှင့် ကစားရမည့် လိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝခြင်းရှိမရှိကိုလည်း စောင့်ကြည့်ရဦးမည်ဖြစ်သည်။ ဂျေးဇူးသည် ယခုရာသီတွင် ဒဏ်ရာပြဿနာကြောင့် ရုန်းကန်နေရသူဖြစ်ပြီး နှစ်ဂိုးသာ သွင်းယူထားနိုင်သည်။ ဝေါ်လ်ကာမှာမူ ပရီးမီးယားလိဂ်အပါအဝင် ၁၉ ပွဲအထိ ပါဝင်ကစားခွင့်ရထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
