Top News

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ခန့်မှန်းထားသော ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၃ ဒသမ ၆၅ ရာခိုင်နှုန်း ဖြစ်ပြီး ၂၀၂၄ ခုနှစ် မတ်လတွင် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း  ၂၇ ဒသမ ၅၃ ရာခိုင်နှုန်း ရှိ
24htopnews | December 18, 2024 3:12 AM CST

၂၀၂၄ ခုနှစ် မတ်လတွင် ပျမ်းမျှငွေ ကြေးဖောင်းပွမှုနှုန်း  ၂၇ ဒသမ ၅၃ ရာခိုင် နှုန်းရှိကြောင်း ဗဟိုဘဏ်၏ငွေကြေးမူဝါဒ အကောင်အထ ည်ဖော်ဆောင်ရွက်ချက်အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၂၇ ဒသမ ၈၉ ရာခိုင် နှုန်းနှင့် နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း ၂၅ ဒသမ ၆၄ ရာခိုင်နှုန်း၊၊ဖေဖော်ဝါရီလတွင် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၂၇ ဒသမ ၆၄ ရာခိုင် နှုန်းနှင့် နှစ်အလိုက် ငွေကြေးဖောင်း ပွမှုနှုန်း ၂၅ ဒသမ ၂၃ ရာခိုင်နှုန်း၊မတ်လတွင် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၂၇ ဒသမ ၅၃ ရာခိုင်နှုန်းနှင့်နှစ်အလိုက် ငွေကြေးဖောင်း ပွမှုနှုန်း ၂၅ ဒသမ ၃၃ ရာခိုင်နှုန်းရှိကြောင်း ဗဟိုဘဏ်၏ငွေကြေးမူဝါဒအကောင်အထည်ဖော် ဆောင်ရွက်ချက်အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ခန့် မှန်းထားသော ပျမ်းမျှငွေကြေးဖောင်းပွမှု နှုန်းမှာ ၁၃ ဒသမ ၆၅ ရာခိုင်နှုန်းဖြစ်ကြောင်း  ၂၀၂၄-၂၀၅ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်း ခြေငွေစာရင်းဆိုင်ရာအချက်အလက်များ အရ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ခန့်မှန်းထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၁ ဒသမ ၂ ရာခိုင်နှုန်းဖြစ်ကြောင်း  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ် ပြန်သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဘဏ္ဍာ ရေးမူဝါဒတွင် ဖော်ပြထားသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံး လပတ်အတွင်း မြန်မာနိုင်ငံ၏ပျမ်းမျှငွေ ကြေးဖောင်းပွမှုနှုန်း ၂၈ ဒသမ ၅၉ ရာ ခိုင် နှုန်းအထိ  မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်း အင်း အဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလ ပတ်အတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေ ကြေး ဖောင်းပွမှုနှုန်း Annual Rate of Inflation မှာ ၁၈ ဒသမ ၄၅  ရာခိုင်နှုန်းဖြစ်ပြီး   နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း Year on Year inflation မှာ ၁၈ ဒသမ ၄၆ ရာ ခိုင်နှုန်းဖြစ်သည်။

ဒုတိယသုံးလပတ်အတွင်း  ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း annual rate of inflation မှာ ၂ရဒသမ ၉၈  ရာခိုင် နှုန်းဖြစ်ပြီး   နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း Year on Year inflation မှာ ၂၈ ဒသမ ၀၄ ရာ ခိုင်နှုန်းဖြစ်သည်။တတိယသုံး လပတ်အတွင်း ပျမ်းမျှငွေ ကြေးဖောင်းမှုနှုန်း ၃၄ ဒသမ ၉၇ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း ၃၄ ဒသမ ၉၇ ရာခိုင် နှုန်းရှိသည်။ စတုတ္ထသုံးလပတ်အတွင်း ပျမ်း မျှငွေကြေးဖောင်းမှုနှုန်း ၂၇ ဒသမ ၅၁ ရာ ခိုင်နှုန်း ရှိပြီး နှစ်အလိုက်ငွေကြေးဖောင်းပွ မှုနှုန်း ၂၇ ဒသမ ၅၀ ရာခိုင်နှုန်းရှိသည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆ နှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲ တွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင် ဘာတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ် ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့ နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ် ထောင်စုပေါင်း ၃၂၆၆၉  ကို စစ်တမ်းကောက် ယူခဲ့ကြောင်း သိရသည်။

သို့သော် လက်ရှိအချိန်တွင်မူ  ငွေကြေး ဖောင်းပွမှုနှုန်းအခြေအနေကို မြန် မာနိုင်ငံ ၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်း ပွမှုနှုန်းတို့ကို ၂၀၁၇ ခုနှစ်အ ခြေခံနှစ်ဖြင့် ပြောင်းလဲတွက်ချက်လျက်ရှိကြောင်း စီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှသိ ရသည်။

လအလိုက် ဖြစ်ပေါ်ခဲ့သော မြန်မာနိုင် ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် ၂ ဒသမ ၆၁ ရာခိုင်နှုန်း၊ မတ်တွင် ၂ ဒသမ ၂၈ ရာခိုင်နှုန်း၊ ဧပြီတွင် ၂ ဒသမ ၁ရရာခိုင်နှုန်း၊မေတွင် ၂ ဒသမ ၂၇ ရာခိုင်နှုန်း၊ဇွန်တွင် ၂ ဒသမ ၄၀ ရာခိုင်နှုန်း၊ဇူ လိုင်တွင် ၂ ဒသမ ၈ဝရာခိုင်နှုန်း၊ သြဂုတ်တွင် ၃ ဒသမ ၂ဝရာခိုင်နှုန်း၊စက်တင်ဘာတွင် ၃ ဒသမ ၆၄ ရာခိုင်နှုန်း၊ အောက်တိုဘာတွင် ၄ ဒသမ ၃၄ ရာခိုင်နှုန်း၊နိုဝင်ဘာတွင် ၅ ဒသမ ၂၃ ရာခိုင်နှုန်း၊ ဒီဇင်ဘာတွင် ၆ ဒသမ ၂၂ ရာ ခိုင်နှုန်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါ ရီတွင် ၇ ဒသမ ၃ဝရာခိုင်နှုန်း၊ ဖေဖော်ဝါရီ တွင် ၈ ဒသမ ၃၅ ရာခိုင်နှုန်း၊ မတ်တွင် ၉ ဒသမ ၅၇ ရာခိုင်နှုန်း၊ ဧပြီတွင်  ၁၀ ဒသမ ၇၂ ရာခိုင်နှုန်း၊မေတွင် ၁၁ ဒသမ ၇၉ ရာခိုင်နှုန်း၊ ဇွန်လတွင် ၁၂ ဒသမ ၉၃ ရာခိုင်နှုန်းအထိ  ဖြစ်ပေါ်ခဲ့သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တို ဘာမှ ဒီဇင်ဘာအထိ ပထမသုံးလပတ်ကာ လ အတွင်း  ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၁ ဒသမ ၃၉  ရာ ခိုင် နှုန်း ဖြစ်ပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း မှာ ၁၁ ဒသမ ၃၉ ရာ ခိုင်နှုန်းဖြစ်သည်။၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် ဇန်နဝါရီမှ မတ်လအထိ ဒုတိယသုံး လပတ် ကာလအတွင်း ပျမ်းမျှငွေ ကြေးဖောင်းပွမှု နှုန်း annual rate of inflation မှာ ၁၅ ဒသမ ၀၅  ရာခိုင်နှုန်းဖြစ် ပြီး နှစ်အလိုက်ငွေ ကြေးဖောင်းပွမှုနှုန်း year on year inflation မှာ ၁၅ ဒသမ ၀၆ ရာခိုင် နှုန်းဖြစ်သည်။


READ NEXT
Cancel OK