မန်ယူအသင်းသည် အင်္ဂလန်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ကို လာမည့် ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် အရောင်းစာရင်းတင်မည်ဟု သတင်းထွက်လာခဲ့သည်။
ရပ်ရှ်ဖို့ဒ်(၂၇ နှစ်)သည် ၂၀၁၆ ခုနှစ်ကတည်းက မန်ယူအသင်းတွင် စတင်ကစားခွင့်ရခဲ့သူဖြစ်သောကြောင့် အသင်း၏ ဦးဆောင်ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသော်လည်း ယခုနောက်ပိုင်းနှစ်များတွင် ခြေစွမ်းပြနိုင်ခြင်း မရှိသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
၎င်းသည် နည်းပြ အဲရစ်တန်ဟက်ဂ်လက်ထက် ၂၀၂၂-၂၃ ရာသီတွင် ဂိုး (၃၀)သွင်းယူနိုင်သည်အထိ ခြေစွမ်းပြနိုင်ခဲ့သော်လည်း ပြီးခဲ့သည့်ရာသီ၌ (၈)ဂိုးသာ သွင်းယူနိုင်ခဲ့သလို၊ ယခုရာသီတွင်လည်း (၂၄)ပွဲကစားရာ၌ (၇) ဂိုးသာ သွင်းယူထားနိုင်သည်။
ထို့ကြောင့် နည်းပြသစ် အာမိုရင်မ်က ၎င်းအား နေရာပေးလိုခြင်း မရှိသလို၊ နည်းစနစ်ပိုင်းအရလည်း ကိုက်ညီခြင်းမရှိကြောင်း သိရသည်။
အာမိုရင်မ်သည် ပြီးခဲ့သည့် မန်ချက်စတာဒါဘီပွဲစဉ်တွင် ရပ်ရှ်ဖို့ဒ်အား အသင်းလူစာရင်းတွင်ပင် ထည့်သွင်းခြင်းမရှိဘဲ ချန်လှပ်ထားခဲ့သည်။
ထို့ကြောင့် ၎င်းအား ရောင်းထုတ်တော့မည်ဆိုသည့် သတင်းများ ပိုမိုထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်း၏ လစာအများဆုံး ကစားသမားစာရင်းတွင် ပါဝင်နေပြီး တစ်ပတ်ပေါင်(၃၀၀၀၀၀)ကျော် ရရှိနေသူဖြစ်သည့်အတွက် နည်းပြ အာမိုရင်မ်ကသာ နေရာမပေးခဲ့ပါက မန်ယူအသင်းတာဝန်ရှိသူများက အသင်းတွင် ဆက်ထားလိုခြင်းမရှိကြောင်း သိရသည်။
နောက်ဆုံးထွက်ပေါ်လာသည့် သတင်းများအရ မန်ယူအသင်းသည် ရပ်ရှ်ဖို့ဒ်ကို လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင်ပင် ရောင်းထုတ်ရန် ဆန္ဒရှိနေပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း (၄၀) ဝန်းကျင်ရရှိပါက လက်ခံဖွယ်ရှိကြောင်း သိရသည်။
ယင်းအခြေအနေတွင် တိုက်စစ်ပိုင်း အားဖြည့်ရန်စီစဉ်နေသော အာဆင်နယ်အသင်းက ရပ်ရှ်ဖို့ဒ်အား ခေါ်ယူရန် ယခင်ကတည်းက စိတ်ဝင်စားခဲ့သည့်အတွက် အပြောင်းအရွှေ့ဖြစ်မြောက်ဖွယ်ရှိကြောင်း ထင်ကြေးပေးမှုများလည်း ရှိနေသည်။
အင်္ဂလန်ကစားသမားဟောင်း ဂျိုးကိုးလ်က အာဆင်နယ်အသင်းအနေဖြင့် ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူသင့်ကြောင်း အကြံပြုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
