မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ပရီးမီးယားလိဂ်မှ ထပ်မံထုတ်ပယ်ခံရမည့်နည်းပြ ရေပန်းစားမှုတွင် ဒုတိယနေရာသို့ ရောက်ရှိလာကြောင်း သိရသည်။
ဂွါဒီယိုလာသည် ပြီးခဲ့သည့်လအတွင်းတွင် မန်စီးတီးအသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားသော်လည်း လက်ရှိအချိန်တွင် ရလဒ်များ ဆိုးရွားနေသည့်အတွက် ရာထူးမှ ထုတ်ပယ်ခံရရန် ရေပန်းစားမှု မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် မန်ယူနည်းပြ တန်ဟက်ဂ်၊ လက်စတာနည်းပြ စတိဗ်ကူးပါး၊ ဝုလ်ဗ်နည်းပြ ဂယ်ရီအိုနေးလ်၊ ဆောက်သမ်တန်နည်းပြ ရပ်ဆဲလ်မာတင်တို့ ထုတ်ပယ်ခံခဲ့ရပြီးနောက် လက်ရှိအချိန်တွင် ဝက်စ်ဟမ်းနည်းပြ လိုပယ်တယ်ဟီမှာ ထပ်မံထုတ်ပယ်ခံရမည့် နည်းပြအဖြစ် ရေပန်းအစားဆုံးဖြစ်နေသည်။
ဂွါဒီယိုလာသည် မန်ချက်စတာဒါဘီတွင် ရှုံးပွဲကြုံတွေ့ခဲ့ပြီးနောက် ဒုတိယရေပန်းအစားဆုံး ဖြစ်လာခဲ့ခြင်းဖြစ်ပြီး တတိယနေရာတွင် စပါးနည်းပြ ပိုစတီကိုဂလူး၊ စတုတ္ထနေရာတွင် အဲဗာတန်နည်းပြ ရှောင်ဒိုက်တို့ ရပ်တည်နေကြောင်း သိရသည်။
သို့သော် မန်စီးတီးအသင်း၏ တိုက်စစ်ကစားသမား ဖိုဒန်က မိမိတို့ကစားသမားများအနေဖြင့် နည်းပြ ဂွါဒီယိုလာအပေါ် ယုံကြည်မှုအပြည့်ရှိကြောင်း ပြောကြားခဲ့သည်။
ဖိုဒန်က ''ကျွန်တော်တို့ အသင်းရဲ့ လုပ်ငန်းစဉ်နဲ့ နည်းပြအပေါ် ယုံ ကြည်မှုရှိပါတယ်။ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာမယ်လို့လည်း ယုံပါတယ်''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
