မန္တလေးတံတားဦးလေဆိပ်ရှိ X-Ray စက်တွင် ခရီးသည်နှင့်အိတ်များအား စစ်ဆေးစဉ် ခရီးသည်တစ်ဦး အိတ်အတွင်းမှ ကျည်ဆန်သုံးတောင့် တွေ့ရှိမှု သြဂုတ် ၁၆ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။
သြဂုတ် ၁၆ ရက် နံနက် ၈နာရီဝန်းကျင် ခန့်က X-Ray စက်တွင်ခရီးသည်နှင့် အိတ်များအား စစ်ဆေးစဉ် မန္တလေးမှ လားရှိုးသို့ ထွက်ခွာမည့် ခရီးသည်အမျိုးသားတစ်ဦး၏ ခရီးဆောင်အိတ်တွင်းမှ 9mm ကျည်ဆန် သုံးတောင့် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
ကျည်ဆန် သုံးတောင့်ကိုသယ်ဆောင်လာသည့်အမျိုးသားမှာ လျှူပဲယုံ(၂၁ နှစ်)၊ လိုက်ဖူးစီးကျေးရွာ၊ ကုန်းကြမ်းမြို့မှဖြစ်ပြီး မိခင်ဖြစ်သူဆေးကုရန်အတွက် မန္တလေးသို့လာရောက်ခဲ့ခြင်းဖြစ်ပြီး အပြန် လေဆိပ်တွင် ယခုကဲ့သို့ ကျည်ဆန်သုံးတောင့်နှင့်အတူ ဖမ်း ဆီးရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တံတားဦးမြို့နယ်၊ လေဆိပ်နယ်မြေရဲစခန်းသို့ဆက် သွယ်မေးမြန်းခဲ့ရာ “ကျည်ဆန်သုံးတောင့် နဲ့မိတာပါ။ သူက လောက်ကိုင်မှာ လုံခြုံရေးလုပ်ခဲ့ဖူးတယ်လို့လည်းပြောတယ်။ မန္တလေး အလာတုန်းကတော့ ကားနဲ့လာတာဖြစ်ပြီး အခုအပြန်မှ လေကြောင်းနဲ့ပြန်ရင်း X-Ray စက်ဖြတ်ရင်း မိတာပါ။ လက်နက်ပုဒ်မနဲ့ အမှု ဖွင့်စစ်ဆေးနေပါတယ်” ဟု စခန်းမှူး ရဲအုပ် နေဇာဦးက ပြောကြားခဲ့သည်။
ထိုသို့ ကျည်ဆန်သုံးတောင့်နှင့်အတူ တွေ့ရှိခဲ့သည့် လျှူပဲယုံ(၂၁ နှစ်) ကို လေဆိပ် နယ်မြေရဲစခန်းတွင် (ပ)၃၆/၂၀၂၀၊ လက် နက်ဥပဒေပုဒ်မ ၁၉(စ) ဖြင့် အမှုဖွင့်ထား ကြောင်း စုံစမ်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
