ရှမ်းပြည်နယ် ပင်လုံမြို့နယ်တွင် ကျပ်သိန်း ၁၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သြဂုတ် ၁၇ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သြဂုတ် ၁၄ ရက် ညနေ ၄ နာရီ ခန့်တွင် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပင်လုံ-လဲချားသွား ကားလမ်းတွင် မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးမှုများ ပြုလုပ်စဉ် လဲချားမြို့ဘက်မှ ပင်လုံမြို့ဘက်သို့ မိတ္ထီ လာမြို့၊ ရပ်ကွက် (၅) နေ အောင်မျိုးလင်း (၂၅ နှစ်) မောင်းနှင်ပြီး ကောင်းခန့်ကျော် (၂၁ နှစ်) စီးနင်းလိုက်ပါလာသည့် ဆူဇူကီး အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
ယင်းသို့ရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် ကျပ်သိန်း ၁၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးပြား ၁၇၇၈၀၀ ပြားတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရပြီး ၎င်းတို့အား စစ်ဆေးရာ မူးယစ်ဆေးဝါးများကို အတူသယ်ဆောင်သူ ကသာမြို့၊ ရပ်ကွက် (၁၂) နေ အောင်ခိုင်မြင့် (၂၅ နှစ်) မောင်းနှင်လာသည့် မော်တော်ယာဉ်မှာ နောက်တွင် လိုက်ပါလာကြောင်း သိရကာ အောင်ခိုင်မြင့်ကို လွိုင်လင်မြို့အထွက်တွင် မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှ ဖမ်းဆီးရမိသူများအား ပင်လုံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ကာ ကွင်းဆက်ကျူးလွန်သူများအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
