နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲခံရသည့် ရွှေခီးအကောင့်ပိုင်ရှင် ဦးလှဝင်းထံမှ သိမ်းဆည်းထားသည့်ဖုန်းကို မှုခင်းတပ်ဖွဲ့သို့ ပေးပို့စစ်ဆေးရန် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက သြဂုတ် ၁၈ ရက်ရုံးချိန်းတွင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ဦးလှဝင်းမှာ Facebook တွင် ရွှေခီး အမည်ရှိအကောင့်ဖြင့် မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့အား ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် အကြည်ညိုပျက်အောင် ပို့စ်တင်ခဲ့သည်ဟုဆိုကာ တရားစွဲဆို ခံထားရသူဖြစ်သည်။
ဦးလှဝင်းထံမှ သိမ်းဆည်းရမိသော လက်ကိုင်ဖုန်းကို သက်သေခံအဖြစ်လက်ခံထားပြီး ဖုန်းအတွင်းမှ မှုခင်းနှင့် သက်ဆိုင်သည့် အချက်အလက်များ စစ်ဆေးရန် မှုခင်းတပ်ဖွဲ့သို့ ပေးပို့ခြင်းဖြစ်ကြောင်းသိရသည်။
ထိုသို့ပေးပို့စစ်ဆေးရန် တရားလိုဘက်မှ ဥပဒေအရာရှိက ပြီးခဲ့သည့်ရုံးချိန်းတွင် လျှောက်ထားခဲ့ရာ စွပ်စွဲခံရသူ၏ရှေ့နေက ကန့်ကွက်ခဲ့သည်။
အမှုတွင် တရားလို ဗဟန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ကြည်ကို စတင်စစ်ဆေးနေပြီး တရားလိုပြသက်သေ ၆ ဦးတင်ပြထားကာ အမှုကို သြဂုတ် ၂၅ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့သည်။
ဦးလှဝင်းဆိုသူမှာ ရွှေခီး Facebook အကောင့်ဖြင့် မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့အား ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် အကြည်ညှိုပျက်အောင် Chat Box တွင် ဆွေးနွေးပြောကြားထားသရောင် ဖန်တီးထားသည့် Screen Shot များဖြင့် သတင်းအမှားဖြန့်ချိထားမှုအတွက် ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) အရ အရေးယူပေးရန် ဗဟန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ကြည်က တရားလိုပြုလုပ်ကာ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သည်။
ဇူလိုင် ၂၃ ရက်တွင် ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့က စွပ်စွဲခံရသူ ရွှေဖီးအကောင့်ပိုင်ရှင် ဦးလှဝင်းကို ရုံးရှေ့သို့ဖမ်းဆီးတင်ပို့ကာ တရားရုံးက ချုပ်မိန့်ပေးခဲ့ကြောင်း သိရသည်။
ယင်းအမှုကို ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးမှ ၂၀၂၀ ပြည့်နှစ် ရာဇဝတ်ကြီး အမှုအမှတ် ၇၃ ဖြင့် စစ်ဆေးနေကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
