Top News

မိတ္ထီလာ-တောင်ကြီး ကားလမ်းတွင် အလှမယ် ဂုဏ်ရည်အေးကျော် စီးနင်းလိုက်ပါလာသော အိမ်စီးကားနှင့် ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ် စီးနင်းလာသော အမျိုးသားတစ်ဦး သေဆုံး
24htopnews | December 18, 2024 12:13 AM CST

မိတ္ထီလာ-တောင်ကြီး ကားလမ်းတွင် Miss Myanmar အလှမယ် ဂုဏ်ရည်အေးကျော် စီးနင်းလိုက်ပါလာသော အိမ်စီးကားနှင့် ဆိုင်ကယ် တိုက်မိရာမှ ဆိုင်ကယ်စီးနင်းလာသော အမျိုးသားတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ခြင်းကြောင့် အိမ်စီးကား ယာဉ်မောင်းအမျိုးသားအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

သြဂုတ် ၁၇ ရက် ညပိုင်းက မိတ္ထီလာခရိုင် သာစည်မြို့မရဲစခန်းမှ ဒုရဲအုပ် သင်းသင်းအေးသည် မိတ္ထီလာ-တောင်ကြီး ကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်နေ ယာဉ်မောင်း ကျော်သက်ဟန် (၂၆ နှစ်) မောင်းနှင်ပြီး ချမ်းမြသာစည်မြို့နယ်နေ Miss Myanmar မဂုဏ်ရည်အေးကျော်နှင့် မိဘဖြစ်သူတို့ လိုက်ပါ စီးနင်းလာသော ယာဉ်သည် မိတ္ထီလာ-တောင်ကြီးကားလမ်း မိုင်တိုင်အမှတ် (၂၅) မိုင် နှစ်ဖာလုံ၊ သာစည်မြို့နယ် ဘုရားငါးဆူကျေးရွာအနီး အရောက်တွင် သာစည်မြို့နယ် ထိန်ကန်ကျေးရွာနေ အောင်မျိုးကို (၂၀ နှစ်) တစ်ဦးတည်း စီးနင်းလာသော ဆိုင်ကယ်က ကုန်တင်ကားတစ်စီးအား ကျော်တက် မောင်းနှင်စဉ် ကျော်သက်ဟန် မောင်းနှင်လာသော အိမ်စီးကားနှင့် မျက်နှာချင်းဆိုင် တိုက်မိခဲ့ရာ ဆိုင်ကယ် စီးနင်းလာသော အောင်မျိုးကိုမှာ ဒဏ်ရာများရရှိခဲ့သဖြင့် သာစည်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကားနဲ့ဆိုင်ကယ် တိုက်မိလိုက်တာ ဆိုင်ကယ်မောင်းတဲ့ ကောင်လေးက ခြေထောက်တွေ ကျိုးထွက်ပြီး ဒဏ်ရာတော်တော်များတယ်။ ကားပေါ်က ယာဉ်မောင်း နည်းနည်းဒဏ်ရာ ရသွားတယ်။ ကားပေါ်မှာ အလှမယ် ဂုဏ်ရည်အေးကျော်နဲ့ သူ့မိသားစုပါတယ်ဆိုလို့ ကျွန်တော်တို့တောင် ဆင်းကြည့်ခဲ့သေးတယ်။ ဂုဏ်ရည်အေးကျော်က ဒဏ်ရာမရဘူး ပြောတယ်။ ကားမောင်းတဲ့လူတွေကို သာစည်က ရဲတွေ ခေါ်သွားတယ်။ ဆိုင်ကယ်မောင်းတဲ့ ကောင်လေးကတော့ ဆေးရုံပို့တာ လမ်းမှာတင် ဆုံးသွားတယ်”ဟု အဆိုပါအဖြစ်အပျက်အား တွေ့ရှိခဲ့သူ ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

အဆိုပါအမှုအား သာစည်မြို့မရဲစခန်း က ယာဉ်(ပ)၁၅/၂၀၂၀၊ရ ာဇသတ်ကြီးပုဒ်မ ၃၀၄ (က)/၃၃၇ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


READ NEXT
Cancel OK