နောက်အိမ်ထောင်၏ ၁၀ နှစ်အရွယ် သမီးဖြစ်သူကို အကြိမ်ကြိမ် မုဒိမ်းပြုကျင့်ခဲ့သည့် အသက် ၆၀ အရွယ် ပထွေးဖြစ်သူအား အကျဉ်းထောင်တွင် သေဆုံးသည်အထိ ပြစ်ဒဏ်ကျခံရမည့် ထောင်ဒဏ်တစ်သက် ကျခံစေရန် မန္တလေးခရိုင် တရားရုံးက သြဂုတ် ၂ဝရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် နေထိုင်သည့် မ…(၃၂ နှစ်) သည် သမီး ဖြစ်သူ……မ (၁၀ နှစ်) နှင့်အတူ နေထိုင်စဉ် အသက် ၆၀ အရွယ် ဦးဝင်းမြင့်နှင့် နောက်အိမ်ထောင်ပြုခဲ့ပြီး တစ်ပတ်ခန့် အကြာတွင် သမီးဖြစ်သူအား ခင်ပွန်းဖြစ်သူက မုဒိမ်းမှု အကြိမ်ကြိမ် ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
၄င်းတို့နေထိုင်သည့် နေအိမ်ဝိုင်းအတွင်း အိမ်နှစ်လုံးရှိပြီး နောက်အိမ်ထောင်ဖြစ်သော ခင်ပွန်းဖြစ်သူ ဦးဝင်းမြင့်တွင် ပါလာသည့် အသက် ၁၀ နှစ်အရွယ် သမီးဖြစ်သူ နှစ်ဦးနှင့်အတူ နေထိုင်ခဲ့ရာ တစ်ရက်တွင် သမီးဖြစ်သူ အိမ်သာတက်နေစဉ် ခင်ပွန်းဖြစ်သူက နောက်မှလိုက်သွားခဲ့ကြောင်း၊ ထို့ကြောင့် မိမိမှ မသင်္ကာသဖြင့် နောက်မှလိုက်သွားခဲ့ရာ ခင်ပွန်းဖြစ်သူသည် အိမ်သာတွင်းမှ ထွက်လာခဲ့သဖြင့် အိမ်သာတွင်းသို့ ဆက်လက် သွားကြည့်ရာ သမီးဖြစ်သူ၏ မိန်းမကိုယ်မှ သွေးများထွက်နေသည်ကို တွေ့ရှိခဲ့ရာမှတစ်ဆင့် ခင်ပွန်းဖြစ်သူသည် မိမိ၏ သမီးဖြစ်သူကို အကြိမ်ကြိမ် သားမယားအဖြစ် ပြုကျင့်ခဲ့သည်ကို သိရှိခဲ့ရသည်ဟု ဆိုသည်။
ထိုသို့ သမီးဖြစ်သူအား သားမယားအဖြစ် ပြုကျင့်ခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီး လင်မယားနှစ်ယောက် စကားများခဲ့ရာ ခင်ပွန်းဖြစ်သူက ဒူးထောက်တောင်းပန်ခဲ့ကာ နောက်မလုပ်တော့ဘဲ သူ၏သမီးနှစ်ယောက်နှင့် အိမ်တစ်လုံး သီးသန့်နေထိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သဖြင့် ဆက်လက် နေထိုင်ခဲ့သော်လည်း လိုက်နာခြင်း မရှိဘဲ အကြိမ်ကြိမ် ထပ်မံကျူးလွန်နေသဖြင့် မိခင်ကိုယ်တိုင် တရားလို ပြုလုပ်ကာ အမှတ် (၁) နယ်မြေရဲစခန်းတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က အမှုဖွင့် တိုင်ကြားခဲ့သည်။
ယင်းနောက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၃ရက်တွင် မန္တလေးခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒုတိယခရိုင် တရားသူကြီး (၉) မှ ရာဇဝတ်ကြီး အမှုအမှတ် (၂၀/၂၀၂၀) အရ လက်ခံစစ်ဆေးခဲ့ပြီး နှစ်ဖက်သက်သေများ စစ်ဆေးကြားနာပြီးနောက် သြဂုတ် ၂၀ ရက်တွင် တရားခံဝင်းမြင့် (၆၀ နှစ်) သည် မ….(၁၀ နှစ်)ကို သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့ကြောင်း ပေါ်ပေါက်သဖြင့် ရာဇဝတ်ကြီးပုဒ်မ ၃၇၆(၃)အရ ထောင်ဒဏ် တစ်သက် (အကျဉ်းထောင်တွင် သေဆုံးသည်အထိ ထောင်ဒဏ်) ပြစ်ဒဏ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
