Top News

စက်တင်ဘာ(၂၄) ရက်တွင်ကစားမည့် ဟောင်ကောင် - မြန်မာအသင်းတို့၏ ခြေစမ်းပွဲကို ပရိသတ် (၄၀၀၀၀)ဆံ့ ဟောင်ကောင်ကွင်း၌ ကျင်းပမည်
24htopnews | December 18, 2024 12:13 AM CST

ဟောင်ကောင်ဘောလုံးအဖွဲ့ချုပ် (HKFA) သည် စက်တင်ဘာ(၂၄) ရက်တွင် ယှဉ်ပြိုင်ကစားမည့် ဟောင်ကောင်လက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့၏ ခြေစမ်းပွဲကို ပရိသတ်(၄၀၀၀၀) ဆံ့ ဟောင်ကောင်အားကစားကွင်း၌ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

ဟောင်ကောင်လက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းသည် စက်တင်ဘာ(၂၁၊ ၂၄) ရက်များတွင် ဟောင်ကောင်၌ ခြေစမ်းပွဲ (၂) ပွဲကစားရန် စီစဉ်ထားခြင်းဖြစ်သည်။

ဟောင်ကောင်ဘောလုံးအဖွဲ့ချုပ် (HKFA) နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တို့၏ နှစ်ဖက်ဘောလုံးအဖွဲ့ချုပ် ညှိနှိုင်းမှုအရ စက်တင်ဘာ(၂၁) ရက်တွင် ကစားမည့် ပထမခြေစမ်းပွဲကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားမည်ဖြစ်ပြီး စက်တင်ဘာ (၂၄)ရက်တွင် ကစားမည့် ဒုတိယခြေစမ်းပွဲကိုမူ ပရိသတ် ဝင်ရောက်ကြည့်ရှုခွင့်ပြုမည် ဖြစ်ကြောင်းသိရသည်။

HKFA သည် စက်တင်ဘာ(၂၁)ရက်တွင် ကစားမည့် ကွင်းပိတ်ခြေစမ်းပွဲကို ပရိသတ်(၆၀၀၀)ကျော်ဆံ့ Mong Kok ကွင်းတွင်လည်းကောင်း၊ စက်တင်ဘာ(၂၄) ရက်တွင် ကစားမည့် ဒုတိယခြေခစမ်းပွဲ(Open to Spectators) ကို ဟောင်ကောင်အားကစားကွင်းတွင်လည်းကောင်း ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။

ပထမခြေစမ်းပွဲကစားမည့် Mong Kok ကွင်းမှာ ဟောင်ကောင်ကလပ် ကစ်ချီအသင်း၏ အိမ်ကွင်းဖြစ်ပြီး ဒုတိယခြေစမ်းပွဲကစားမည့် ဟောင်ကောင်အားကစားကွင်းမှာ ရပ်ဘီအားကစားကွင်းအဖြစ် အများဆုံးအသုံးပြုနေကြောင်း သိရသည်။

ဟောင်ကောင်လက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့သည် ပြီးခဲ့သည့် မေလအတွင်းက ထိုင်းနိုင်ငံ၌ လေ့ကျင့်ရေးခြေစမ်းပွဲတစ်ပွဲကစားခဲ့ပြီး ထိုစဉ်က ဂိုးမရှိသရေကျခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းနည်းပြ ဖြစ်သူ ဂျာမနီနိုင်ငံသား အန်တွမ်နီဟေးနှင့် ဟောင်ကောင်လက်ရွေးစင်အသင်းနည်းပြဖြစ်သူ နော်ဝေနိုင်ငံသား ဂျွန်အန်ဒါဆင်တို ့သည် ထိုစဉ်ကတည်းကပင် နောက်ထပ်ခြေစမ်းပွဲကစားရန် ကြိုတင်သဘောတူညီထားခဲ့ကြခြင်းဖြစ်သည်။

ဟောင်ကောင်လက်ရွေးစင်အသင်းသည် ပြီးခဲ့သည့် ဇူလိုင်အတွင်းက ဂျပန်နိုင်ငံတွင် ကျင်းပခဲ့သည့် အရှေ့အာရှချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ထားခဲ့ပြီး အိမ်ရှင် ဂျပန်အသင်းကို(၀-၆) ဂိုး၊ တောင်ကိုရီးယားအသင်းကို(၀-၃) ဂိုး၊ တရုတ်အသင်းကို(၀-၁) ဂိုးတို ့ဖြင့် သုံးပွဲစလုံးရှုံးနိမ့်ခဲ့သည်။

ဟောင်ကောင်လက်ရွေးစင်အသင်းသည် လက်ရှိတွင် ပြည်တွင်းလိဂ်ပြိုင်ပွဲများ ကျင်းပနေသောကြောင့် မြန်မာ့လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ခြေစမ်းပွဲနှစ်ပွဲအတွက် လေ့ကျင့်မှု မစတင်နိုင်သေးကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းမှာမူ ယင်းခြေစမ်းပွဲများအတွက် စက်တင်ဘာ(၁၆) ရက်တွင် လေ့ကျင့်မှုစတင်မည်ဖြစ်သည်။

 


READ NEXT
Cancel OK