စီရော်နယ်လ်ဒိုကို ခေါ်ယူလိုသည်ဟု ဆော်ဒီ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြောကြား
24htopnews | December 18, 2024 12:13 AM CST
ဆော်ဒီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အယ်လ်မီဆီဟယ်လ်က မန်ယူအသင်းမှ ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုကို ဆော်ဒီလိဂ်သို့ ခေါ်ယူလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုသည် မန်ယူအသင်းမှ ထွက်ခွာလိုကြောင်း တရားဝင်တောင်းဆိုခဲ့သူဖြစ်ပြီး မန်ယူအသင်းက ထွက်ခွာခွင့်မပြုခဲ့သော်လည်း ဦးစားပေးကစားသမားအဖြစ် အသုံးပြုခြင်းမရှိပေ။
ထို့ကြောင့် လာမည့်ဇန်နဝါရီတွင် အပြောင်းအရွှေ့ဖြစ်လာဖွယ်ရှိကြောင်း ထင်ကြေးပေးနေချိန်၌ အယ်လ်မီဆီဟယ်လ်က '' ဆော်ဒီလိဂ်မှာ စီရော်နယ်လ်ဒို ကစားတာကို ကျွန်တော်တို့ မြင်တွေ့ချင်ပါတယ်။ စီရော်နယ်လ်ဒိုဆိုတာ ဘယ်လိုစံချိန်ဆုလာဘ်တွေ ရယူထားတဲ့ ကစားသမားလဲဆိုတာ အားလုံးသိကြသလို၊ ကြီးကျယ်ခမ်းနားတဲ့ စံပြကစားသမားလည်းဖြစ်ပါတယ်။ သူ့ကို ခေါ်ယူဖို့ အကုန်အကျအလွန်များမှာဖြစ်ပေမဲ့ ကျွန်တော်တို့ကလပ်တွေရဲ့ ဝင်ငွေကလည်း မြင့်တက်နေပါတယ်''ဟု ဆိုခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
