Top News

ရွှေ့ဆိုင်းခဲ့ရသည့် ပရီးမီးယားလိဂ်ပွဲစဉ်(၇)ကို ယခုနှစ်အတွင်းပြန်လည်ယှဉ်ပြိုင်နိုင်တော့မည်မဟုတ်ဘဲ ရာသီနှောင်းပိုင်းမှသာ ယှဉ်ပြိုင်ရဖွယ်ရှိ
24htopnews | December 18, 2024 12:13 AM CST

ယခုရက်သတ္တပတ်အတွင်း ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ် (၇)ကို ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်-၂ ၏ နာရေးကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး ရေးဆွဲထားသည့် ပွဲစဉ်ဇယားနှင့် နိုင်ငံတကာဘောလုံးပြက္ခဒိန်အရ ယခုနှစ်အတွင်း ပြန်လည်ယှဉ်ပြိုင်နိုင်တော့မည်မဟုတ်ကြောင်း Daily Mail က သုံးသပ်ဖော်ပြခဲ့သည်။

ထို့ ပြင် လာမည့်နှစ်တွင်လည်း လစ်လပ်နေသည့် ကြားရက်မှာ ရာသီနှောင်းပိုင်းကာလ (၃)ပတ်သာရှိသည်ဟုလည်း ဖော်ပြခဲ့သည်။

ရွှေ့ဆိုင်းခဲ့ရသည့်ပွဲစဉ်ကို ကြားရက်တွင်သာ ပြန်လည်အစားထိုးယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ယင်းအတွက် ယခုနှစ်အတွင်းတွင်မူ လစ်လပ်သည့်ကြားရက်မရှိတော့ပေ။

ကြားရက်များ၌ ဥရောပပြိုင်ပွဲများ ယှဉ်ပြိုင်နေရသလို၊ လက်ရွေးစင်အသင်းများအတွက် နိုင်ငံတကာရက်သတ္တပတ်လည်း ရောက်ရှိလာတော့မည်ဖြစ်သည်။

ထို့ပြင် နိုဝင်ဘာနှင့် ဒီဇင်ဘာ၌ ကမ္ဘာ့ဖလားပြိုင်ပွဲရှိနေသည့်အတွက် ပွဲစဉ်(၇)ကို ယခုနှစ်အတွင်း ယှဉ်ပြိုင်နိုင်တော့မည်မဟုတ်ပေ။

သို့သော် ဒုတိယရာသီဝက်ဟု ဆိုရမည့် ၂၀၂၃ ခုနှစ်အတွင်း ယှဉ်ပြိုင်ရန်မှာလည်း ပြည်တွင်းဖလားပွဲများ ဝင်ရောက်လာမည်ဖြစ်၍  ရက်လွတ်မရှိသလောက်ဖြစ်နေကြောင်း Daily Mail က ဖော်ပြခဲ့သည်။

၂၀၂၃ ခုနှစ်အတွင်း လစ်လပ်သည့် ကြားရက်မှာ ဧပြီ(၄)၊ မေ(၂)နှင့် မေ(၂၃)တို့သာ ရှိကြောင်းလည်း သိရသည်။

ယင်းရက်များမှသာ ယှဉ်ပြိုင်ခဲ့ရပါက ရာသီကုန်ပန်းဝင်ခါနီးတွင် ပွဲပိုကျပ်သွားဖွယ်ရှိနေကြောင်းလည်း သုံးသပ်ခဲ့သည်။


READ NEXT
Cancel OK