Top News

■ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်-၂ ပွဲကြိုသုံးသပ်ချက်
24htopnews | December 18, 2024 12:13 AM CST

■ ဗစ်တိုးရီးယားပယ်လ်ဇန် - အင်တာမီလန် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၃ ရက် ည ၁၁း၁၅ နာရီ)

ပယ်လ်ဇန်နဲ့ အင်တာမီလန်က အုပ်စုတတိယနေရာကို လုရဖို့များတဲ့အသင်းတွေပါ။ ပယ်လ်ဇန်က ဘာစီလိုနာကို ဂိုးပြတ်ရှုံးခဲ့သလို၊ အင်တာမီလန်ကလည်း ဘိုင်ယန်မြူးနစ်ကို ရှုံးခဲ့ တယ်။ ဒီနှစ်သင်းထက် ပြိုင်ဘက်နှစ်သင်းက သိသိသာသာ အားကောင်းသလိုဖြစ်နေတယ်။ ပယ်လ်ဇန်အသင်းရဲ့ကွင်းမှာ အင်တာမီလန် အမှတ်ယူနိုင်ဖို့တော့ လိုတယ်။ ဒါပေမဲ့ သရေကျသွားရင်လည်း အံ့သြစရာမရှိဘူး။

■ စပို့တင်းလစ္စဘွန်း - စပါး (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၃ ရက် ည ၁၁း၁၅ နာရီ)

စပါးအသင်းက အုပ်စုအဖွင့်ပွဲစဉ်မှာ အားကောင်းတဲ့ ပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့ မာဆေးလ်အသင်းကို အနိုင်ယူခဲ့တယ်။ စပို့တင်းလစ္စဘွန်းကလည်း ဖရန့်ဖတ်လိုအသင်းကို အဝေးကွင်းမှာ အနိုင်ကစားခဲ့တာ အထင်ကြီးစရာပါ။ လက်ရှိအနေအထားအရ စပါးအသင်းက ပိုကောင်းတဲ့အနေအထားဆိုပေမဲ့ အဝေးကွင်းမှာတော့ စပါးအသင်း သရေရလဒ် လောက်ဆိုရင် ကျေနပ်ရပါလိမ့်မယ်။

■ လီဗာပူးလ် - အေဂျက်စ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် နံနက် ၁း၃၀ နာရီ)

လီဗာပူးလ်အသင်းက အဖွင့်ပွဲစဉ်မှာ နာပိုလီကို ဂိုးပြတ်ရှုံးခဲ့ပြီး အေဂျက်စ်ကတော့ အဖွင့်နိုင်ပွဲရထားတယ်။ လက်ရှိအခြေအနေအရ လီဗာပူးလ်အတွက် ဒီပွဲက သေရေးရှင်ရေးလို အ ရေးပါနေတယ်။ နာပိုလီအသင်းက နိုင်ပွဲယူထားဖို့များပြီး (၆) မှတ်ဖြစ်ချိန်မှာ လီဗာပူးလ်သာ အိမ်ကွင်းမှာ အခွင့်အရေးကို အသုံးမချနိုင်ရင် အခြေအနေက ခက်ခဲသွားလိမ့်မယ်။ အေဂျက်စ်ကတော့ ဟန်ချက်ညီနေတဲ့အသင်းဖြစ်ပြီး လီဗာပူးလ်ကိုလည်း ဒုက္ခပေးဖို့ ကြိုးစားမှာပါ။ ဒါပေမဲ့ လီဗာပူးလ် ကပ်နိုင်လိမ့်မယ်။

■ ပေါ်တို - ကလပ်ဘရုဂေး (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် နံနက် ၁း၃၀ နာရီ)

ကလပ်ဘရုဂေးက လေဗာကူဆင်လိုအသင်းကို အနိုင်ကစားခဲ့တာကတော့ အထင်ကြီးစရာပါ။ ဒါပေမဲ့ အဝေးကွင်းမှာ အိမ်ကွင်းလို စွမ်းဆောင်နိုင်ပါ့မလားဆိုတာ စဉ်းစားရမယ်။ ပေါ်တိုက အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ကွင်းမှာ ရှုံးပွဲ တွေ့ခဲ့တယ်။ ဒီပွဲက ပေါ်တိုအတွက် လုံးဝအမှားမခံတဲ့ပွဲဖြစ်ပြီး နိုင်ပွဲယူနိုင်ဖို့အတွက် ရုန်းကန်လိမ့်မယ်။ ပေါ်တိုရဲ့ အိမ်ကွင်းရလဒ်နဲ့ ခြေစွမ်းကြောင့် နိုင်ပွဲရမှာပါ။

■ လေဗာကူဆင် - အက်သလက်တီကို (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် နံနက် ၁း၃၀ နာရီ)

အဖွင့်ပွဲမှာ ရှုံးပွဲတွေ့ထားတဲ့ လေဗာကူဆင်က အခုအိမ်ကွင်းပွဲမှာသာ အက်သလက်တီကိုမက်ဒရစ်ကို ထပ်ရှုံးမယ်ဆိုရင် အုပ်စုတတိယနေရာလောက်ပဲ မျှော်လင့်လို့ရလိမ့်မယ်။ အုပ်စုတွင်း အားအနည်းဆုံးလို့ ယူဆရတဲ့အသင်းကို ရှုံးခဲ့တာဖြစ်ပြီး ဒီပွဲပြီးရင်လည်း ပေါ်တိုနဲ့ ပွဲကျပ်ကစားရဦးမယ်။ လေဗာကူဆင်ရဲ့ ခြေစွမ်းက ဒီလောက်မညံ့ပါဘူး။ အိမ်ကွင်းမှာ တော့ အက်သလက်တီကိုကို ဒုက္ခပေးနိုင်လောက်ပါတယ်။ လေဗာကူဆင်ကိုပဲ ကြိုက်တယ်။

■ ဘိုင်ယန်မြူးနစ် - ဘာစီလိုနာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် နံနက် ၁း၃၀ နာရီ)

နှစ်သင်းစလုံးက အုပ်စုအဖွင့်ပွဲစဉ်တွေမှာ အနိုင်ရထားကြတယ်။ ဘိုင်ယန်မြူးနစ်အသင်းက အင်တာမီလန်ကို အဝေး ကွင်းမှာ အနိုင်ရထားတဲ့အတွက် ဒီပွဲမှာ အနိုင်ရခဲ့ရင် ဘိုင်ယန်မြူးနစ်အတွက် နောက်တစ်ဆင့်တက်ဖို့က အခက်အခဲသိပ်မရှိတော့ဘူးလို့တောင် ပြောနိုင်တယ်။ ဘာစီလိုနာကလည်း နိုင်ပွဲဆက်နေပြီး ခြေစွမ်းပြနေတဲ့အသင်းပါ။ လက်ရှိ ခြေစွမ်းအနေအထား၊ အသင်းအင်အားပိုင်းမှာ ဘိုင်ယန်မြူးနစ်က သာနေဆဲဆိုရင်တောင် အရမ်းကွာခြားနေတာမျိုးမဟုတ်ဘူး။ ဘာစီလိုနာက ဘိုင်ယန်မြူးနစ်ကို ယှဉ်ကစားနိုင်တဲ့ကွင်းလယ်နဲ့ မထင်မှတ်တာတွေကိုလုပ်နို်င်တဲ့ တိုက်စစ်ပိုင်းလည်းရှိပါတယ်။ ဘိုင်ယန်မြူးနစ် ခက်ခက်ခဲခဲကစားရမယ်။ (၂-၁)လောက်နဲ့ ကပ်နိုင်ဖို့ များတယ်။

■ မာဆေးလ် - ဖရန့်ဖတ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် နံနက် ၁း၃၀ နာရီ)

မာဆေးလ်အသင်းက စပါးအသင်းနဲ့ပွဲမှာ ကစားသမား တစ်ယောက်လျော့နဲ့ ရှုံးပွဲတွေ့ခဲ့တယ်။ ခြေစွမ်းကတော့ မဆိုးဘူးလို့ပြောရမယ်။ ဖရန့်ဖတ်က စပို့တင်းလစ္စဘွန်းနဲ့ပွဲမှာ တော် တော်လေးကို အားနည်းခဲ့တာပါ။ အသင်းက ဘွန်ဒစ်လီဂါမှာလည်း စိတ်ပျက်စရာ ရာသီတစ်ခုဖြစ်နေတယ်။ အခုလည်း အဝေးကွင်းမှာ မာဆေးလ်အသင်းဆီက အမှတ်ယူဖို့ တော်တော်လေးခက်ခဲလိမ့်မယ်။ မာဆေးလ်က အိမ်ကွင်းကောင်းပါတယ်။ မာဆေးလ်ကို ကြိုက်တယ်။


READ NEXT
Cancel OK