Top News

■ ချယ်လ်ဆီးနည်းပြဖြစ်လာခြင်းမှာ ကြီးမားသည့်ဆုလာဘ်ဟု ဂရေဟမ်ပေါ်တာ ဆို
24htopnews | December 18, 2024 12:13 AM CST

ချယ်လ်ဆီးအသင်း၏ နည်းပြသစ် ဂရေဟမ်ပေါ်တာက အသင်း၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ကိုင်တွယ်ခွင့်ရလာခြင်းမှာ ကြီးမားသည့်ဆုလာဘ်တစ်ခုဖြစ်သည်ဟု ပထမဆုံးပြု လုပ်သည့် အင်တာဗျူးအစီအစဉ်တွင် ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ဂရေဟမ်ပေါ် တာကို စက်တင်ဘာ(၈)ရက်ကတည်းက နည်းပြအဖြစ် ခန့်အပ်ခဲ့သော်လည်း ဗြိတိန်ဘုရင်မကြီး နတ်ရွာစံခဲ့သည့်အတွက် တနင်္လာနေ့တွင်မှ မိတ်ဆက်ပွဲပြုလုပ်ခဲ့ရသည်။

ထို့နောက် အသင်းဝက်ဘ်ဆိုက်နှင့် ပထမဆုံးအင်တာဗျူး အစီအစဉ်လည်း ပြုလုပ်ခဲ့ရာ ဂရေဟမ်ပေါ်တာက ချယ်လ်ဆီးအသင်းတွင် သမိုင်းအသစ်ကို ဖန်တီးသွားလိုကြောင်းလည်း ပြောကြားခဲ့သည်။

''ကောင်းမွန်တဲ့ ဆက်ဆံရေး၊ အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုတွေနဲ့အတူ သမိုင်းအသစ်ကို ဖန်တီးသွားချင်ပါတယ်။ အသင်းက သူ့ သမိုင်းသူ ပြောပြနေပြီးသားပါ။ ဒါပေမဲ့ ကျွန် တော်တို့က ကိုယ်ပိုင်နည်းလမ်းနဲ့ ကိုယ်ပိုင်သမိုင်းကို ဖန်တီးနိုင်အောင် ကြိုးစားသွားမှာပါ''ဟု ဂရေဟမ်ပေါ်တာက ဆိုခဲ့သည်။

ထို့ပြင် ''ဒီအသင်းရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်လာတာဟာ ကျွန်တော့်အတွက် မယုံနိုင်ဖွယ်ဖြစ်သလို၊ ကြီးမားတဲ့ ဆုလာဘ်တစ်ခုလည်းဖြစ်ပါတယ်။ အသင်းကို ဘောလုံးပိုင်ဆိုင်မှုအပေါ် အခြေပြုပြီး နည်းစနစ်ပိုင်းမှာ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ တိုက်စစ်အသင်းဖြစ်အောင် တည်ဆောက်ချင်ပါတယ်။ ကစားသမားတွေရဲ့ ယုံကြည်မှုကတော့ အဓိကပါပဲ''ဟု ပြောကြားခဲ့သည်။


READ NEXT
Cancel OK