ယနေ့ကစားမည့် ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်ကို အနိုင်ယူပြီး သမိုင်း ကို ပြောင်းလဲပစ်ရန် ယုံကြည်မှုရှိနေသည်ဟု ဘာစီလိုနာအသင်းနည်းပြ ဇာဗီက ပြောကြား ခဲ့သည်။
ဘာစီလိုနာအသင်းသည် ဘိုင်ယန်မြူးနစ်ကို ပြီးခဲ့သည့်ရာသီက အုပ်စုတွင်းမှာ (၀-၃)ဂိုးဖြင့် နှစ်ကျော့စလုံး အရေးနိမ့်မှု၊ ၂၀၁၉-၂၀ ရာသီက ကြားကွင်း လစ္စဘွန်းတွင် အရှက်တကွဲ အရေးနိမ့်မှုအပါအဝင် နောက်ဆုံးတွေ့ဆုံမှု (၄)ပွဲဆက်တိုက် အရေးနိမ့်ခဲ့သည်။
ထို့ပြင် ဘိုင်ယန်မြူးနစ်နှင့် နောက်ဆုံးတွေ့ဆုံမှု (၈)ပွဲတွင် တစ်ပွဲသာအနိုင်ရရှိခဲ့ပြီး ဂျာမန်မြေတွင် အနိုင်ရဖူးခြင်းမရှိကြောင်း သိရသည်။
''အရာများစွာ(ဘိုင်ယန်နဲ့ နောက်ဆုံးတွေ့ဆုံမှုကို ဆိုလို) ပြောင်းလဲသွားပါပြီ။ အထူးသဖြင့် စိတ်ဓာတ်ပိုင်းပေါ့။ ဒီအသင်းက Barca ဖြစ်ပြီး အရည်အချင်းကို ပြသဖို့လိုတယ်လို့ ကစားသမားတွေကို ကျွန်တော် ပြောခဲ့ပါတယ်။ အသင်းလိုက်စိတ်ဓာတ်ပိုင်းမှာ များစွာတိုးတက်မြင့်မားလာပါပြီ။ ကစားသမားသစ်တွေကလည်း ကျွန်တော်တို့ကို တိုးတက်စေခဲ့တယ်။ ဒီရာသီနိုင်ပွဲတွေက ကျွန်တော့်တို့ကို ယုံကြည်မှုပေးပါတယ်။ ဒီအတွက် ကျွန်တော် စိတ်လှုပ်ရှားခဲ့ပါတယ်။ အခုပွဲကို ကျွန်တော်တို့ အနိုင်ကစားပြီး သမိုင်းကို ပြောင်းလဲနိုင်ပါတယ်'' ဟု
ဇာဗီက ပြောကြားခဲ့သည်။
ပိုလန်ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးသည် ဘိုင်ယန်ကစားသမားဘဝတွင် ဘာစီလိုနာအသင်းကို ဒုက္ခအပေးနိုင်ဆုံးဖြစ်ခဲ့ပြီး (၅)ပွဲကစားရာတွင် (၄)ဂိုးအထိ သွင်းယူခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
