Top News

နေပယ်ရဲ့ တိုက်စစ်သူရဲကောင်းအသစ်
24htopnews | December 18, 2024 12:13 AM CST

ခွာရတ်စကယ်လီယာ။ ဒီအမည်နာမဟာ နာပိုလီအသင်းက ပရီးမီးယားလိဂ်ထိပ်သီး လီဗာပူးလ်အသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရတဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်အပြီးမှာပဲ ဘောလုံးပရိသတ်တွေရဲ့ရင်ထဲကို နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လာခဲ့တယ်။ အဲဒီပွဲမှာ နာပိုလီအသင်းဟာ လီဗာပူးလ်အသင်းကို ပွဲချိန်ပထမပိုင်းအပြီးမှာကတည်းက (၃-၀) ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ လီဗာပူးလ် အသင်းရဲ့ ခံစစ်ကို အဖက်ဖက်က ထိုးနှက်တိုက်စစ်ဆင်မှုတွေနဲ့ ဒုက္ခပေးခဲ့ပြီး ခွာရတ်စကယ်လီယာဟာ အဲဒီလီဗာပူးလ်ခံစစ်မှူးတွေကို ခြောက်လှန့်စေခဲ့သူတွေထဲက တစ်ဦးပါပဲ။ ခွာရတ်စကယ်လီယာဟာ လီဗာပူးလ်နဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမဲ့ ဂျီယိုဗန်နီ ဆီမြွန်နီသွင်းယူတဲ့ တတိယဂိုးကို လှလှပပဖန်တီးပေးခဲ့သလို၊ တစ်ဦးချင်းကျော်ဖြတ်မှုတွေ၊ အခွင့်အရေးဖန်တီးပေးမှုတွေ၊ ဂိုးပေါက်ကန်သွင်းမှုတွေနဲ့ လီဗာပူးလ်ခံစစ်ကို အရှိန်အဟုန်ပြင်းပြင်း ထိုးနှက်ခဲ့ပါတယ်။ ခွာရတ်စကယ်လီယာဟာ ပွဲချိန်ပထမပိုင်းအပြီးမှာပဲ လီဗာပူးလ်ခံစစ်မှူးတွေကို အောင်မြင်တဲ့ တစ်ဦးချင်းကျော်ဖြတ်မှု (၇)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သလို၊ ပြိုင်ဘက်ဂိုးဧရိယာအတွင်း တိကျတဲ့ဘောလုံးပေးပို့မှု (၁၁)ကြိမ်နဲ့ အကောင်းဆုံးခြေစွမ်းကို ပြသခဲ့သူပါ။


READ NEXT
Cancel OK