Top News

စိတ်စွမ်းအင်နဲ့ ဘောလုံးကစားခြင်း (၃)
24htopnews | December 18, 2024 12:13 AM CST

ယူနိုက်တက်ရဲ့အဝတ်လဲခန်းခံစားချက်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဆိုးဆိုး ရွားရွား မကောင်းမွန်ဘဲ အဲဒီအဆိုးတရားဟာ ဗိုုင်းရပ်စ်လို ကူးစက်ခဲ့တာပါပဲ။ အဝတ်လဲခန်းထဲကနေ ကွင်းအတွင်းစွမ်းဆောင်ရည်အထိ တိုက်ရိုက်စီးဆင်းခဲ့ပြီး အရှိန်အဝါကင်းမဲ့သွားတယ်။ လက်ရှိ အချိန်မှာ တန်ဟက်ဂ်က အဝတ်လဲခန်းပြိုလဲမှုကို  ဖြေရှင်းနေပြီးWinning Metality  ပြန်လည်တည်ထောင်နေပေမဲ့ မျှော်မှန်းထားသလို ဖြစ်မလာသေးဘူး။ ယူရိုပါလိဂ်မှာ ဆိုစီဒက်ကို အညံ့ခံရတာဟာ ယူနိုက်တက်ရဲ့ နှစ်ကာလအနည်းငယ်ကြာ စွဲကပ်နေတဲ့ စိတ်ကျဆင်းမှုကြောင့်ပါပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် မက်ဂွိုင်းရားလို ကစားသမားမျိုး ကွင်းထဲရောက်နေရင် အသင်းဖော်တွေရဲ့ ယုံကြည်စိတ်ပါးလျသွားပါလိမ့်မယ်။ တိုက်စစ်မှာဆိုရင်လည်း စီရော်နယ်လ်ဒိုနဲ့ လူငယ်တွေကြားအစေး မကပ်တာ မြင်လာရပြီ။ အဲဒီအခြေအနေတွေဟာ ယူနိုက်တက်ရဲ့ ရှိရင်းစွဲစိတ်ပိုင်းဆိုင်ရာပြိုလဲမှုကို ပြန်ပြီးခေါင်းထောင်စေနိုင်ပါတယ်


READ NEXT
Cancel OK