ပရီးမီးယားလိဂ် ပွဲစဉ် (၆) ပွဲကစား ပြီးချိန်မှာ မီထရိုဗစ်က သွင်းဂိုး (၆)ဂိုးနဲ့ ဂိုးသွင်းဘုရင်ဇယားမှာ အဆင့် (၂)ချိတ်နေတယ်။ ဒီရာသီ ဖူလ်ဟမ်တစ်သင်းလုံး ရရှိထားတဲ့ သွင်းဂိုးပမာဏ (၃)ချိုး၊ (၂)ချိုးကို သွင်းယူပေးထားပြီး ဖူလ်ဟမ်အတွက် အဓိက ရမှတ်စုဆောင်းပေးနေသူလည်း ဖြစ်တယ်။ မာကိုဆေးလ်ဗားရဲ့ အသင်းက ဒီရာသီ အဖွင့်ပွဲမှာ လီဗာပူးလ်နဲ့ ဝုလ်ဗ်တို့ကို နှစ်ပွဲဆက် သရေကျပြီး အသင်းကြီးတွေတောင် ခက်ခက်ခဲခဲ ကစားရတဲ့ ဘရန့်ဖို့ဒ်နဲ့ ဘရိုက်တန်ကို နိုင်ခဲ့တယ်။ ပြီးတော့ အာဆင်နယ်၊ စပါးတို့ကို ကပ်ပြီး ရှုံးခဲ့တယ်။ အသက် (၂၇)နှစ်အရွယ် မီထရိုဗစ်လိုက စားသမားတစ်ယောက်အတွက် ကစားသမားဘဝ ပရီးမီးယားလိဂ် သွင်းဂိုး (၂၄)ဂိုးက နည်းပါးလွန်းတဲ့ အရေအတွက် ဖြစ်နိုင်ပေမဲ့ ဖူလ်ဟမ်ရဲ့ လက်ရှိ ခြေစွမ်းအရ ပရီးမီးယားလိဂ်မှာ ဆက်ရှိနိုင်ဖို့ အလားအလာ ကောင်းတဲ့အသင်းဖြစ်လို့ သူ့ဆီက နောက်ထပ် သွင်းဂိုးတွေ မြင်ရဖို့ ရှိနေသေးတယ်။ မီထရိုဗစ်ရဲ့ အမြင့်စား စွမ်းဆောင်ရည်ကို ပရိသတ်တွေထပ်ပြီး မြင်တွေ့ခွင့်ရခြင်းမှာ ပေါ်တူဂီ လူမျိုးနည်းပြမာကိုဆေးလ်ဗားရဲ့ လွှမ်းမိုးမှုတွေ အများကြီး ရှိနေတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
