Top News

ဂရီးဇ်မန်း၏ပြောင်းရွှေ့ကြေးအတွက် ဘာစီလိုနာနှင့်အက်သလက်တီကိုအကြား သဘောတူညီမှုရရန် နီးစပ်
24htopnews | December 18, 2024 12:13 AM CST

 

ပြင်သစ်တိုက်စစ်ကစားသမား ဂရီးဇ်မန်းအား အပြီးသတ်ခေါ်ယူမှုအတွက် ဘာစီလိုနာအသင်းနှင့် အက်သလက်တီကိုအသင်းအကြား ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်းဖြင့် သဘောတူညီမှုရရှိရန် နီးစပ်နေပြီဟု ပြင်သစ်သတင်းစာ L'Equipe က ဖော်ပြခဲ့သည်။

အက်သလက်တီကိုအသင်းတွင် နှစ်နှစ် အငှားစာချုပ်ဖြင့် ကစားနေသည့် ဂရီးဇ်မန်း၏စာချုပ်တွင် ယူရိုသန်း ၄၀ ဖြင့် အပြီးသတ် ပြောင်းရွှေ့မှု အတည်ဖြစ်ရန်အတွက် ပွဲချိန် ၄၅ မိနစ်နှင့်အထက် ပွဲအနည်းဆုံး ၅၀ ရာ ခိုင်နှုန်း ကစားရမည်ဟူသောအချက်ကို ထည့်သွင်းထားသည်။ 

ဂရီးဇ်မန်းသည် ပြီးခဲ့သည့် ရာသီက အက်သလက်တီကိုအသင်းအတွက် ၃၇ ပွဲကစားရာတွင် ၃၁ ပွဲမှာ ပွဲချိန် ၄၅မိနစ် ကျော်ခဲ့ပြီး ၈၁ ရာခိုင်နှုန်းကျော်ရှိခဲ့သည်။ထို့ကြောင့် အက်သလက်တီကိုအသင်းက စာချုပ်အရ ဝယ်ယူရတော့မည့်အခြေအနေ ရောက်လာသောကြောင့် နှစ်ရာသီအတွင်း ပွဲချိန်၄၅ မိနစ်ကို ၅၀ ရာခိုင်နှုန်း မကျော်ရန်အတွက် ယခုရာသီတွင် ဂရီးဇ်မန်းကို အရန် သာထားရှိပြီး လူစားဝင်ကစားသမားဖြစ်သာ အသုံးပြုလျက်ရှိသည်။ 

ဂရီးဇ်မန်းသည် ပွဲချိန်ပြည့်မကစားရသော်လည်း ဂီတာဖေး၊ ဗလင် စီယာ၊ ပေါ်တိုအသင်းများနှင့်ပွဲများတွင် တစ်ဂိုးစီ သွင်းယူထားပြီး ယခုရာသီ အက်သလက် တီကိုအသင်း၏ပွဲစဉ်ခြောက်ပွဲတွင် မိနစ် ၆၀ ကျော်မှ လူစားဝင်ကစားရခြင်းဖြစ်သည်။ ဘာစီလိုနာအနေဖြင့် အက်သလက်တီကိုအသင်း၏ယင်းအပြုအမူကြောင့် တရားစွဲဆိုရန် စီစဉ်ခဲ့ပြီး ယခုအခါ နှစ်ဦးနှစ်ဖက် ညှိနှိုင်းခဲ့ခြင်းဖြစ်ဖွယ်ရှိသည်။

 


READ NEXT
Cancel OK