Top News

အဲရစ်ဆင် အကြိုက်ဆုံးဟာ မိန်းမတွေ (Life)
24htopnews | December 18, 2024 12:13 AM CST

ဟိုက်ဘူရီကို အဲရစ်ဆင် ရောက်လာချိန်မှာ ဒေးဗစ်ဒိန်းက ဘုတ်အဖွဲ့အခန်းထဲ ရှိနေတယ်။ ဒေးဗစ်ဒိန်းနဲ့အတူ သူ့ဇနီး ဘာဘာရာလည်းရှိနေတယ်။ ပြီးတော့ ဘာဘာရာရဲ့ သူငယ်ချင်း ဆာရာလည်း အတူရှိနေပါတယ်။ ဆာရာက ခပ်လန်းလန်းအမျိုးသမီးတစ်ဦးဖြစ်ပြီး အဲဒီအချိန်မှာ သူ့အမျိုးသားနဲ့ ကွာရှင်းဖို့ စီစဉ်နေချိန်ပါ။ အခန်းထဲရောက်ပြီး သိပ်မကြာခင်မှာပဲ အဲရစ်ဆင်က ဆာရာအနားကပ်သွားပြီး "ဘာတွေလုပ်လဲ" လို့ မေးလိုက်တယ်။ ဆာရာက "မီးဆိုင်းအလှဆင်လုပ်ငန်း လုပ်ပါတယ်" လို့ ပြန်ဖြေတယ်။ အဲဒီအချိန်မှာ အဲရစ်ဆင်က "ငါလည်း မင်းလက်ရာ မီးဆိုင်းတွေ လိုချင်လိုက်တာ" လို့ ပြုံးတုံ့တုံ့မျက်နှာပေးနဲ့ ပြောခဲ့ပါတယ်။ ဒေးဗစ်ဒိန်းက "ဆဗင်ရေ၊ မင်းအခုနေ တာလန်ကက်စတာဟိုတယ်မှာလေ၊ မီးဆိုင်းက ဘာလုပ်ဖို့လဲ" ဆိုပြီး သတိပေးလည်း အဲရစ်ဆင် နားမဝင်ပါဘူး။ ဒေးဗစ်ဒိန်းတစ်ယောက်  အက်သိုလေစတေးလ်ပြောတဲ့ အဲရစ်ဆင်က မိန်းမမြင်ရင် မရဘူးဆိုတဲ့စကားကို ပြန်ပြီး ကြားယောင်လာတယ်။


READ NEXT
Cancel OK