ယခုရာသီ ဖော်မြူလာဝမ်းပြိုင်ပွဲတွင် နိုင်ပွဲမရဘဲ အဆုံးသတ်ရမည့်အခြေအနေအတွက် စိုးရိမ်မိကြောင်း မာစီဒီးစ်အသင်းမှ နာမည်ကြီး ဗြိတိန်ကားမောင်းသမား ဟာမီလ်တန်က ပြောကြားခဲ့သည်။
အသက် ၃၇ နှစ်အရွယ်ရှိ ဟာမီလ်တန် သည် ၂၀၀၇ ခုနှစ်တွင် ဖော်မြူလာဝမ်းပြိုင်ပွဲ ပွဲဦးထွက်ခဲ့ပြီး ပြိုင်ပွဲရာသီတိုင်း အနည်းဆုံး တစ်ပွဲစီ အနိုင်ရရှိခဲ့သည်။ သို့သော် ယခုနှစ်ရာသီတွင် ပွဲစဉ် ၁၆ ပွဲ ယှဉ်ပြိုင်ကစားပြီးသည်အထိ ဟာမီလ်တန်မှာ နိုင်ပွဲမရရှိသေးသောကြောင့် ၁၅ နှစ်တာကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် နိုင်ပွဲမရရှိသည့်ရာသီနှင့် ရင်ဆိုင်ရရန် နီးစပ်နေခြင်းဖြစ်သည်။
ပြိုင်ဘက် ရက်ဘူးလ်ကားမောင်းသမား ဗာစတက်ပန် သည် အနိုင်ယူရန်ခက်ခဲလွန်းသူဟု ဟာမီလ်တန်က မှတ်ချက်ပြုခဲ့သည်။ "ကျွန်တော်တို့ လက်တွေ့ကျရပါမယ်။ ဒီရက်ဘူးလ်အသင်းက အနိုင်ယူဖို့ မဖြစ်နိုင်သလောက် နီးနီးပါပဲ။ ဒီကားကို ကျော်ဖြတ်နိုင်ဖို့အတွက် မှန်ကန်တဲ့အရာတွေတော့ လုပ်ဆောင်သွားရမှာပါ။ စွမ်းဆောင်ရည်ပိုင်းအရ ကျွန်တော်တို့ သူတို့ ကို မမီနိုင်ပါဘူး။ ကျွန်တော်တို့အနေနဲ့Upgrade မလုပ်ရင် သူတို့ကို ကျော်လွှားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ နိုင်ပွဲရဖို့ ကံကြမ္မာကောင်းတချို့လည်း ရှိရပါမယ်။ ဘူဒါပက်မှာ သူတို့ကို ကျွန်တော်တို့ အနိုင်ယူခဲ့သင့်ပါတယ်။ ဒါပေမဲ့ မက်(ဗာစတက်ပန်)က ရှေ့ မှာ အေးအေးဆေးဆေးပဲ ယှဉ်ပြိုင်ခဲ့ပြီး သူ တို့ရဲ့ တကယ့်အမြန်နှုန်းကို ဘယ်သူမှ မပြောနိုင်ပါဘူး"ဟု ဟာမီလ်တန်က ပြောကြားခဲ့သည်။
အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်နေသူ ဗာစတက်ပန်သည် ယခုရာသီ ၁၆ ပွဲ တွင် ၁၁ ပွဲအထိ အနိုင်ယူထားပြီး လာမည့် အောက်တိုဘာ ၂ ရက်၌ ကျင်းပမည့် စင်ကာပူ ဂရင်းပရီတွင် ဗိုလ်စွဲနိုင်လျှင် နှစ်နှစ်ဆက် ကမ္ဘာ့ချန်ပီယံဖြစ်လာတော့မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
