ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘာပေသည် ပြီးခဲ့သည့်မေလက PSG အသင်းနှင့် ၂၀၂၅ ခုနှစ်အထိ သက်တမ်းရှိသည့် သုံးနှစ် စာချုပ် ချုပ်ဆိုထားသော်လည်း စာချုပ်သက်တမ်း နှစ်နှစ်ကုန်ဆုံးချိန်တွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ရှိနေကြောင်း သိရသည်။
ပြင်သစ်နာမည်ကြီးအားကစားသတင်းစာ L'Equipe က ဘာပေ၏စာချုပ်သက်တမ်းမှာ အမှန်တကယ် နှစ်နှစ်သာဖြစ်ပြီး တတိယနှစ်မှာ ဘာပေ၏သဘောဆန္ဒအတိုင်း တစ်နှစ်သက်တမ်းတိုးခွင့်ရှိသည့် ပုံစံမျိုးသာဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ဘာပေသည် PSGအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရာ၌ လက်မှတ်ထိုးကြေး ယူရို သန်း ၁၀၀ နှင့် တစ်နှစ်လစာအဖြစ် ယူရို သန်း ၅၀ အထိရရှိကြောင်း ဗြိတိန်သတင်းစာGuardian က အတိအလင်း ရေးသားခဲ့သည်။
ပြီးခဲ့သည့်ရာသီအတွင်း ဘာပေ၏အပြောင်းအရွှေ့ပုံပြင်မှာ တောက်လျှောက်လွှမ်းမိုးခဲ့ပြီး စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းသို့လည်း ပြောင်းရွှေ့ရန်နီးစပ်သည့်အခြေအနေသို့ ရောက်ရှိခဲ့သည်။ နောက်ပိုင်းတွင် ပြင်သစ်သမ္မတ မက်ခရွန်ကိုယ်တိုင် PSG အသင်း၌ ဆက်ကစားသွားရန် ဘာပေအား တိုက်တွန်းခဲ့ပြီး နောက် စာချုပ်သစ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
PSG အသင်းအနေဖြင့် မကြာသေးမီက ကြုံတွေ့ခဲ့သကဲ့သို့ ဘာပေအား ပြောင်းရွှေ့ကြေး အလွတ်ဖြင့် လက်လွှတ်ရနိုင်သည့်အခြေအ နေမျိုးနှင့် ထပ်မံကြုံတွေ့ရဖွယ်ရှိသည်ဟုလည်းDaily Mail က ရေးသားခဲ့သည်။ ထို့ကြောင့် PSG အသင်းသည် ယခုရာသီကုန်တွင် ဘာပေကို စာချုပ်သက်တမ်းတိုးရန် သို့မဟုတ် ရောင်းချသွားရန် ထပ်မံဆုံးဖြတ်ရမည်ဟု အဆိုပါသတင်းတွင် ဖော်ပြခဲ့သည်။
၂၀၂၀ နွေရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်း မှ ဘာပေအား ယူရို သန်း ၁၈၀ ဖြင့် နောက်ဆုံးကမ်းလှမ်းမှုကို PSG အသင်း ပယ်ချခဲ့ပြီး စာချုပ်သက်တမ်းကုန်ဆုံးခါနီးမှ သက်တမ်းတိုးနိုင်ခဲ့ခြင်းဖြစ်သည်။ ဘာပေ၏စာချုပ်သစ်ကြောင့် PSG အသင်းသည် UEFA ၏FFP စည်းမျဉ်းနှင့် ကိုက်ညီမှု ရှိ၊ မရှိ စောင့်ကြည့် ခံနေရပြီး ပြီးခဲ့သည့်ရာသီအထိ ဘဏ္ဍာရေးစစ်တမ်းတွင် စည်းမျဉ်းချိုးဖောက်မှုကြောင့် ယူရို ၁၀ သန်း ပေးဆောင်ထားရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
