အမျိုးသမီးတစ်ဦး၏ ရတနာပစ္စည်းများကို Facebook တွင် သိကျွမ်းရင်းနှီးသူက ယူဆောင်ထွက်ပြေးမှု ဖြစ်ပွားပြီး ၎င်းကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သြဂုတ် ၁၁ ရက်တွင် အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၀ ပြည့်နှစ် သြဂုတ်လတွင် ဒေါ်... (၄၉ နှစ်) သည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ တူမဖြစ်သူထံ အလည်ရောက်ရှိနေစဉ် လွန်ခဲ့သော နှစ်လခန့်က Facebook တွင် သိကျွမ်းရင်းနှီးသည့် ရွက်သစ်အကောင့်နှင့် Thu Rain အကောင့်ပိုင်ရှင် သူရိန်ထွန်းဆိုသူက ပဲခူးမြို့ပေါ်ရှိ ဘုရားများဖူးရန် လိုက်ပို့ပေးမည်ဟုပြောပြီး သြဂုတ် ၃ ရက်တွင် အငှားယာဉ်တစ်စီးဖြင့် လာရောက်ခေါ်ဆောင်သဖြင့် လိုက်သွားခဲ့ကြောင်း သိရသည်။
ယင်းသို့သွားရောက်ခဲ့ပြီး အဆိုပါနေ့ နံနက် ၁၁ နာရီခန့်တွင် ပဲခူးမြို့မှ ရန်ကုန်မြို့သို့ အမြန်လမ်းမကြီးအတိုင်း ပြန်လည်ထွက်လာခဲ့ကြရာ အမြန်လမ်းမကြီးမိုင်တိုင် (၀/၀) နှင့် (၀/၁) အကြားအရောက် သူရိန်ထွန်းဆိုသူက ကားအနားပေးမည်ဟု ပြောဆိုကာ ကားအားရပ်နားခဲ့ပြီး ယာဉ်နောက်ခန်းတွင် နှစ်ဦးထိုင်၍ စကားပြောခဲ့ကြကြောင်း သိရသည်။
ယင်းသို့ စကားပြောနေစဉ် သူရိန်ထွန်းက ဒေါ်.....ဝတ်ဆင်ထားသည့် ရတနာပစ္စည်းများကို ခေတ္တဝတ်ဆင်လိုကြောင်း၊ ခေတ္တချွတ်ပေးရန်ပြောဆိုခဲ့ပြီး ထမင်းစားပြီးပါက ပြန်ပေးမည်ပြောသဖြင့် ဒေါ်.....က ချွတ်ပေးခဲ့ကြောင်း သိရသည်။
ဒေါ်...... က ရတနာပစ္စည်းများ ချွတ်ပေးပြီးနောက် သူရိန်ထွန်းက ထမင်းစားသွားမည်ဟုပြောဆိုပြီး ယာဉ်၏ရှေ့ခန်းတွင် ပြောင်းထိုင်ရန်ခေါ်သည့်အတွက် ယာဉ်နောက်ခန်းမှဆင်းစဉ် သူရိန်ထွန်းဆိုသူမှာ ယာဉ်အားမောင်းကာ ထွက်ပြေးသွားခဲ့ကြောင်း ဒေါ်.....၏ အမှုဖွင့်တိုင်တန်းချက်အရ သိရသည်။
ထိုကဲ့သို့ စုစုပေါင်းကျပ် ၇၈၅၀၀၀၀ ကျော်တန်ဖိုးရှိ ရတနာပစ္စည်းများ၊ ငွေစက္ကူနှင့် လက်ကိုင်ဖုန်းတို့ကို ယာဉ်ဖြင့်ယူဆောင်မောင်းနှင်ထွက်ပြေးသွားသူအား ဒေါ်.... က အမြန်လမ်းရဲတပ်ဖွဲ့၊ အမှတ် (၃) လမ်းဆုံ အမြန်လမ်းမကြီးရဲစခန်းတွင် တိုင်တန်းအမှုဖွင့်ခဲ့ပြီး ရဲစခန်းကအမှုဖွင့်ကာ ကျူးလွန်သူအား ဖမ်းဆီးရမိရေး ရဲလုပ်ငန်းစဉ်များအတိုင်း စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့စုံစမ်းဆောင်ရွက်ရာ Thu Rain အကောင့်ပိုင်ရှင်မှာ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ မြို့ပတ်လမ်းနေ ဇော်မျိုးလွင် (၂၇ နှစ်) ဆိုသူဖြစ်ကြောင်းသိရပြီး ၎င်းကို သြဂုတ် ၈ ရက် ည ၉ နာရီခန့်တွင် ၎င်းနေအိမ်၌ သက်သေခံရတနာပစ္စည်းများနှင့်အတူ ဖမ်းဆီးရခဲ့ကာ တရားစွဲဆိုတင်ပို့ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
