မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခနှင့်ပတ်သက်၍ ဖမ်းဆီးခံထားရသည့် အောင်သပြေကျေးရွာမှ ဒေသခံသုံးဦးကို သြဂုတ် ၁၁ ရက်က ရုံးထုတ်စစ်ဆေးရာတွင် ရဲတပ်ဖွဲ့က လုံခြုံရေးတင်ကျပ်၍ ရုံးထုတ်ခဲ့သည်။
ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခနှင့်ပတ်သက်၍ ဦးရွှေအုန်းပါ နှစ်ဦးအား ယနေ့ (သြဂုတ် ၁၁ ရက်) မွန်းလွဲပိုင်းက ပုသိမ်ကြီးမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ရာတွင် ရဲတပ်ဖွဲ့က လုံခြုံရေးအင်အားအပြည့်ဖြင့် ရုံးထုတ်ခဲ့ပြီး ရုံးချိန်းအပြီးတွင်လည်း လုံခြုံရေးအပြည့်ဖြင့် ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။
အဆိုပါ ရုံးချိန်းတွင် တရားလိုပြသက်သေများကို စစ်ဆေးခဲ့ပြီး ဖမ်းဆီးခံထားရသည့် ဒေသခံများက အမှုနှင့်ပတ်သက်၍ တရားရုံးအား သပိတ်မှောက်ထားကြောင်းလည်း သိရသည်။
“ ကျွန်တော်တို့က မတရားခံနေရတာ။ သူတို့စွဲဆိုထားတဲ့ ပုဒ်မတွေကိုလည်း ကျွန်တော်စိတ်မဝင်စားဘူး။ ကျွန်တော်တို့ကို စစ်ရင်လည်း ဖြေမှာမဟုတ်ပါဘူး။ တရားရုံးကို သပိတ်မှောက်ထားတယ်။ ကျွန်တော်တို့ အောင်သပြေ ကျေးရွာသူ ကျေးရွာသားတွေက မတရားခံနေရတာပါ။ အဲဒီလို မတရားခံနေရတာဖြစ်တာကြောင့် ပြည်ထောင်စုအစိုးရအနေနဲ့ ကွင်းဆင်းစစ်ဆေးဖို့ အချိန်တန်ပါပြီ” ဟု ဖမ်းဆီးခံထားရသည့် အောင်သပြေကျေးရွာမှ ဉီးရွှေအုန်းက ပြောကြားသည်။
အောင်သပြေကျေးရွာမှ ဒေသခံသုံးဦး၏ အမှုရုံးချိန်းသို့ မိသားစုဝင်များ၊ ဒေသခံများ၊ ဗကသကျောင်းသားများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူအချို့တို့က လာရောက်ဝန်းရံပေးခဲ့ကြသည်။
ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခနှင့်ပတ်သက်၍ ဖမ်းဆီးတရားစွဲဆိုခြင်းခံထားရသည့် အောင်သပြေကျေးရွာမှ ဒေသခံသုံးဦးမှာ ဖခင်ဖြစ်သူ ဦးရွှေအုန်း၊ သမီးဖြစ်သူနှင့် သားဖြစ်သူ မောင်တူးဝေယံတို့ မိသားစုဝင်များဖြစ်ကြောင်း သိရသည်။
ဦးရွှေအုန်းမှာ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးချိန်တွင် ရုန်းရင်းဆန်ခတ်ဖြစ်စဉ်အတွင်း မျက်နှာ၌ သေနတ်ဒဏ်ရာများ ရရှိခဲ့ခြင်းကြောင့် မျက်လုံးအားထိခိုက်မိခဲ့သဖြင့် ကောင်းစွာမမြင်ရကြောင်း ဆေးဝါးကုသမှုခံယူလိုကြောင်း ပြောကြားသည်။
အောင်သပြေကျေးရွာ ဒေသခံများ၏ အမှုနှင့်ပတ်သက်၍ ပုသိမ်ကြီးမြို့နယ်တရားရုံးက သြဂုတ် ၂၅ ရက်သို့ ထပ်မံချိန်းဆိုခဲ့ကြောင်း သိရသည်။
ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခနှင့်ပတ်သက်၍ ဦးရွှေအုန်းပါ ဒေသခံနှစ်ဦးတို့ကို ပြီးခဲ့သည့် မတ် ၂၄ ရက်နှင့် ၂၅ ရက်က ဒေသခံများနေထိုင်ရာ အောင်သပြေကျေးရွာအတွင်းသို့ ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်၍ ဖမ်းဆီးခဲ့သဖြင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံအချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရုန်းရင်းဆန်ခတ်မှုအတွင်း ရဲတပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခနှင့်ပတ်သက်၍ ဦးရွှေအုန်းပါ နှစ်ဦးတို့အား ပုသိမ်ကြီးမြို့နယ်တရားရုံး၌ ရာဇသတ်ကြီး ပုဒ်မ ၁၄၇၊ ၃၅၃၊ ၃၃၂၊ ၃၃၃၊ ၄၃၆၊ ၄၂၇၊ ၁၁၄ အစရှိသည့် ပုဒ်များဖြင့် အမှုဖွင့်တရားစွဲဆိုထားကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ်အတွင်း တည်ဆောင်လျက်ရှိသည့် တစ်နေ့ တန် ၅၀၀၀ ကျ Alpha ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းနှင့်ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မေလအတွင်းက စက်ရုံစီမံကိန်းကို ကန့်ကွက်လျက်ရှိသည့် အောင်သပြေကျေးရွာမှ ဒေသခံများနှင့် ကုမ္ပဏီတို့အကြား ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။
ယင်းစီမံကိန်း ပဋိပက္ခနှင့်ပတ်သက်၍ ဖမ်းဆီးခံခဲ့ရသည့် အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်းမှာ ပြီးခဲ့သည့် ၂၀၁၉ ဇွန်လအတွင်းက ဖမ်းဆီးခံရပြီးရက်ပိုင်းအကြာတွင် မန္တလေး ဗဟိုအကျဉ်းထောင်အတွင်း ရိုက်နှက်နှိပ်စက်ခံရပြီး သေဆုံးခဲ့သဖြင့် ၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ကျူးလွန်သူကို လူသတ်မှုဖြင့် အမှုဖွင့်ခဲ့ပြီး အကျဉ်းထောင်ဘက်ကလည်း တာဝန်ရှိသည့် ဝန်ထမ်းများအား အရေးယူခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
