ကမာရွတ်မြို့နယ် ကွန်ဒိုတိုက်ခန်းတစ်ခန်း၌ ကနေဒါရေနံကုမ္ပဏီ ကိုယ်စားလှယ်ဖြစ်သူအား လူတစ်စုက လက်ထိပ်၊ တိပ်တို့ဖြင့် ချုပ်နှောင်၍ I phone နှင့် I Pad 3 တို့အား လုယူထွက်ပြေးမှုဖြစ်ပွားကြောင်း သြဂုတ် ၁၁ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ သြဂုတ် ၁၀ ရက် ည ၈ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် (၁) ရပ်ကွက် ရတနာမြိုင်လမ်း ရွှေကွမ်းကွန်ဒိုနေ ကနေဒါရေနံကုမ္ပဏီတစ်ခု၏ ဌာနေကိုယ်စားလှယ် ဦး....(၄၉နှစ်) သည် နေအိမ်တွင်ရှိနေစဉ် လွန်ခဲ့သည့် တစ်ပတ်ခန့်က ရင်းနှီးခဲ့သော မနီနီဝင်းဆိုသူမှာ လုပ်ငန်းကိစ္စဆွေးနွေးရန်ဟု ဖုန်းဖြင့်ဆက်သွယ်ကာ ဦး......နေထိုင်ရာကွန်ဒို တိုက်ခန်းအောက်သို့ ရောက်ရှိလာသဖြင့် ဦး...... က တိုက်ခန်းအောက်သို့ဆင်းပြီး မနီနီဝင်းအား တိုက်ခန်းထဲသို့ ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းသို့ခေါ်ဆောင်ပြီး နေအိမ်တိုက်ခန်းတံခါးကို သော့ခတ်၍ သော့အားစားပွဲပေါ်ရှိ နှီးခြင်းစကာအတွင်း ထည့်ကာ မနီနီဝင်းအား စားစရာများဖြင့် ဧည့်ခံရန်အတွက် ဦး..... က မီးဖိုခန်းအတွင်းသို့ သွားရောက်ခဲ့ပြီး ပြန်ထွက်လာခဲ့ကြောင်း၊ ပြန်ထွက်လာစဉ် မနီနီဝင်းမှာ အခန်းတံခါးသော့အားယူ၍ တိုက်ခန်းတံခါးကိုဖွင့်ကာ ထွက်သွားသည်ကို တွေ့ရှိပြီးနောက်တွင် နေအိမ်တိုက်ခန်းအတွင်းသို့ အမည်မသိလူငယ်သုံးဦး ဝင်ရောက်လာခဲ့ပြီး ဦး.... ကို ဖမ်းဆီးချုပ်နှောင်ခဲ့ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ သိရသည်။
ယင်းသို့ ဖမ်းဆီးချုပ်နှောင်စဉ် ဦး.... ကပြန်လည်ခုခံခဲ့ရာ အဆိုပါလူငယ်သုံးဦး ယူဆောင်လာသော ဓားဖြင့်ထိမိ၍ ဦး..... ၏ ပေါင်တွင် ပြတ်ရှဒဏ်ရာတစ်ချက်၊ ယာလက်ဖဝါးတွင် ပြတ်ရှဒဏ်ရာတစ်ချက်တို့ ရရှိခဲ့ကြောင်း သိရပြီး ယင်းလူငယ်သုံးဦးက ဦး......၏ ပါးစပ်နှင့်လက်နှစ်ဖက်အား တိပ်အဝါဖြင့် တုတ်နှောင်ကာ ခြေထောက်နှစ်ဖက်ကိုလည်း လက်ထိပ်ဖြင့် ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့စစ်ဆေးချက်အရ သိရသည်။
အဆိုပါလူငယ်သုံးဦးက ဦး.....အား ချုပ်နှောင်ပြီးနောက် နေအိမ်တိုက်ခန်းအတွင်းမှ ကျပ် ၁၇ သိန်းခန့်တန်ဖိုးရှိ I Phone 10X အနက်ရောင်ဖုန်းတစ်လုံးနှင့် ကျပ်နှစ်သိန်းခန့်တန်ဖိုးရှိ I Pad 3 ငွေရောင်ဖုန်းတစ်လုံးတို့ကို လုယူထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
“ ဒီအမှုနဲ့ပတ်သက်ပြီးတော့ ကျူးလွန်သူတွေကို အမြန်ဆုံးဖမ်းဆီးစစ်ဆေးနိုင်ဖို့အတွက် တိုင်း၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။ သက်ဆိုင်ရာ ကမာရွတ်မြို့နယ်ရဲစခန်းမှာလည်း အမှုနဲ့ပတ်သက်လို့ ပုဒ်မသုံးခုနဲ့ အမှုဖွင့်ထားပါတယ်” ဟု မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ ချုပ်နှောင်လုယက်ခံရမှုနှင့် ပတ်သက်၍ ဦး.....က ကမာရွတ်မြို့မရဲစန်းသို့ တိုင်တန်းခဲ့ပြီး ရဲစခန်းက (ပ) ၇၇၉/ ၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၄/ ၃၄၂/ ၁၁၄ ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူများအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
