ကရင်ပြည်နယ် မြဝတီမြို့ DKBA တပ်စခန်းတည်ရှိရာ ဆုံစည်းမြိုင်သွားလမ်းရှိ ဘလက်ဒိုကျေးရွာအနီးတွင် သြဂုတ်၁၀ ရက်က ကျပ်သိန်းပေါင်း ၂၃၄၀၀၀ ကျော်တန်ဖိုးရှိ ICE ပုံဆောင်ခဲများ ဖမ်းဆီးရမိခဲ့သည်။
သြဂုတ် ၁၀ ရက် နံနက် ၁၀ နာရီက မြဝတီ-ဆုံစည်းမြိုင်သွားလမ်း ဘလက်ဒိုကျေးရွာတွင် တာဝန်ရှိသူများက သတင်းအရ စောင့်ဆိုင်းနေစဉ် မြဝတီမြို့ဘက်မှ ဆုံဆည်းမြိုင်ဘက်သို့ ယာဉ်မောင်း ရန်အန်း (ခ) ဝူယမ်အမ် မောင်းနှင်လာသော အနက်ရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်း၌ မူးယစ်ဆေးဝါးဟု ယူဆရသော အထုပ်များတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သက်ဆိုင်ရာက ယာဉ်အား ဆက်လက် စစ်ဆေးရာ ယာဉ်၏ အနောက်ခန်းအတွင်းမှ တစ်အိတ်လျှင် မက်အက်ဖီတမင်း ဟိုက်ဒရိုကလိုရိုဒ် (ICE) ဟု ယူဆရသော အဖြူရောင် ပုံ ဆောင်ခဲတစ်ကီလို ဂရမ်ပါ အထုပ်၂၀ စီပါ ၁၉ အိတ်အတွင်းမှ အရေအတွက် ၃၈၀ ထုပ် နှင့် အပြာရောင်ခရီးဆောင်အိတ်အတွင်းမှ မက်အက်ဖီတမင်း ဟိုက်ဒရိုကလိုရိုဒ် (ICE) ဟု ယူဆရသော အဖြူရောင် ပုံဆောင်ခဲ တစ်ကီလိုဂရမ်ပါ ၁၁ ထုပ်၊ စုစုပေါင်းအလေးချိန် ၃၉၁ ကီလိုဂရမ် (ကာလတန်ဖိုး တစ်ကီလိုဂရမ်လျှင် ကျပ်သိန်း ၆၀၀ နှုန်းဖြင့် ကျပ်သိန်းပေါင်း ၂၃၄၆၀၀) ခန့်အား သိမ်းဆည်းရမိခဲ့ကြောင်း မြဝတီမြို့မရဲစခန်းမှ သိရသည်။
ဆက်လက်၍ ပူးပေါင်းအဖွဲ့က သြဂုတ် ၁၀ ရက် မွန်း လွဲ ၁ နာရီ ၁၅ မိနစ်တွင် မြဝတီ မြို့ (၄)ရပ်ကွက် တောင်တန်းရပ် ကျောက်လုံးကြီးလမ်းသွယ်(၂) အိမ်အမှတ်မရှိနေ ရန်အန်း (ခ)ဝူယမ်အမ်၏ နေအိမ်အား မူးယစ်ဆေးဝါး ရှာဖွေခွင့်ဝရမ်းဖြင့် သွားရောက်ရှာဖွေရာ နေအိမ်တွင် လူများတွေ့ရှိခြင်းမရှိဘဲ မူးယစ်ဆေးဝါး တစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခြင်း မရှိကြောင်း သိရသည်။
ရန်အန်း(ခ)ဝူယမ်အမ်အား အထူးအမှု စစ်အဖွဲ့က ဆက်လက်စစ်ဆေးရာ သိမ်းဆည်း ရမိသော မူးယစ်ဆေးဝါးများအား ရှမ်းပြည် နယ် လားရှိုးမြို့ အမှတ်(၇)ရပ်ကွက် ၆ လမ်း၊ အိမ်အမှတ်မရှိနေ ကျန်ချမ့် (ခ) ကိုချမ့် ဆိုသူ က ဖုန်းဖြင့်ဆက်သွယ်၍ အမည်မသိအမျိုး သားနှစ်ဦးက သြဂုတ် ၈ ရက် နံနက် ၈ နာရီ တွင် မော်တော်ယာဉ်တစ်စီးဖြင့် ၎င်းင်းနေထိုင် ရာနေအိမ်သို့ လာရောက်ပို့ဆောင်သဖြင့် ၎င်းင်း နှင့်အတူနေ ညီညီဦး (ခ) ပေါက်ယူနှင့် ရွှမ်း ထယ်တို့ သုံးဦးက မော်တော်ယာဉ်နှစ်စီးဖြင့် မြဝတီမြို့နယ် ကျောက်ခက်ကျေးရွာအလွန် တောင်နီကျေးရွာရှိ ကိုစိမ်းထံသို့ ပို့ဆောင်ရာ မြဝတီမြို့မှ ဖလူး-ကျောက်ခက်-ဆုံဆည်းမြိုင် လမ်းအတိုင်း ထွက်ခွာလာစဉ် မြဝတီမြို့နယ် စုကလိမြို့ ဘလက်ဒိုကျေးရွာတွင် ဖမ်းဆီးခံရ ခြင်းဖြစ်ကြောင်းနှင့် ပို့ဆောင်ခအဖြစ် ထိုင်း ဘတ်ငွေခြောက်သိန်းအား ကျန်ချမ့် (ခ)ကိုချမ့် ဆိုသူက ပေးမည်ဖြစ်ပြီး စရန်အဖြစ် မြန်မာ ငွေ ၄၂ သိန်းရပြီး ကျပ်သိန်း ၄၀ ကို ရှမ်းပြည် နယ် ကွမ်လုံမြို့နယ် လောက်ခိုင်ကျေးရွာ နောင်မွန်စုနေ ဇနီးဖြစ်သူ ဒေါ်နန်းယွအားပေး ပို့ခဲ့ပြီး ကျပ်နှစ်သိန်းအား လမ်းစရိတ်အဖြစ် ယူလာခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ ရန်အန်း (ခ) ဝူယမ်အမ် (၃၄ နှစ်)နှင့် မူးယစ်ဆေးဝါးများ အတူပို့ဆောင်သူ ညီညီဦး (ခ) ပေါက်ယူ (တိမ်းရှောင်ထွက်ပြေးနေသူ) (၃၅ နှစ်)၊ ရွှမ်းထယ် (တိမ်းရှောင်ထွက်ပြေးနေသူ) (၄၀ နှစ်ခန့်)နှင့် မူးယစ်ဆေးဝါးများ ပို့ဆောင်ခိုင်းသူ ကျန်ချမ့် (ခ)ကို ချမ့် (ဖမ်းဆီးရမိခြင်း မရှိသေး) လားရှိုးမြို့နေသူတို့ လေးဦးအား မြဝတီမြို့မရဲစခန်းတွင် မယ(ပ)၁၀၉/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က) /၂၁ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
