မြဝတီမြို့ အမှတ်(၄)ရပ်ကွက် မြဝတီခရိုင် ပြည်သူ့ဆေးရုံဝင်း အတွင်းရှိ ဆိုင်ကယ်တက္ကစီဂိတ်မှ ဆိုင်ကယ်ငှားစီးသူသည် ဆိုင်ကယ်မောင်းနှင်သူအား ဓားဖြင့်ထိုး၍ ဆိုင်ကယ်အား မောင်းနှင်ထွက်ပြေးရာ လိုက်လံဖမ်းဆီးစဉ် ဆိုင်ကယ်တက္ကစီငှားသူက ၎င်းတွင် အသင့်ပါလာသော ဓားဖြင့်ပြန်လည် ခုခံခဲ့သဖြင့် တစ်ဦးထပ်မံ ဒဏ်ရာရရှိခဲ့သည့် ဖြစ်ရပ်တစ်ခု သြဂုတ် ၁၃ ရက် မွန်းလွဲ ၁ နာရီက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဆိုင်ကယ်မောင်းသူနှင့် ၀ိုင်းဝန်းဖမ်းဆီးသူတို့နှစ်ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းအရ နယ်ထိန်း ရဲတပ်ကြပ် ထွန်းမင်းလတ်နှင့် တပ်ဖွဲ့ဝင်များ၊ (၄) ရပ်ကွက် ရာအိမ်မှူး ဦးနေစိုး၊ ဦးဇေ်ာဦးတို့နှင့်အတူ တရားခံအား လိုက်လံဖမ်းဆီးရာ မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက် ရွှေမြင်းဝန်ဘုရား တောင်ဘက်မုခ်အနီး၌ သက်သေခံဓား နှစ်ချောင်းနှင့်အတူ တွေ့ရှိဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က မေးမြန်းရာ ၎င်းမှာ ထွန်းထွန်း၊ ၃၃ နှစ်၊ (ဘ) ဦးမြင့်ဆွေ၊ ကရင်စု၊ အောင်မြေရွှေဘုံရပ် အမှတ်(၄) ရပ်ကွက် မြဝတီမြို့နေသူဖြစ်ကြောင်း သိရှိရသဖြင့် ရဲစခန်းသို့ ထိန်းသိမ်းခေါ်ဆောင် စစ်ဆေးခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မေးမြန်းရာ ဆိုင်ကယ်ပိုင်ရှင်ဖြစ်သူ သန့်ဇင်ဦး(ခ) ဖိုးထောင် ၄ဝနှစ်၊ (ဘ)ဦးအောင်လွင်၊ ကရင်/ဗုဒ္ဓ၊ ဆိုင်ကယ်တက္ကစီမောင်း၊ အမှတ် (၄) ရပ်ကွက်၊ မြဝတီမြို့နေသူမှာ မြဝတီခရိုင် ပြည်သူ့ဆေးရုံဝင်း အတွင်း ဆိုင်ကယ်တက္ကစီ မောင်းနှင်ရန် ရောက်ရှိနေစဉ် လူတစ်ဦးက ဆိုင်ကယ်တက္ကစီငှား၍ လိုက်ပါပို့ဆောင်ခဲ့ရာ ဆိုင်ကယ်တက္ကစီငှားသူက ၎င်းတွင်အသင့်ပါလာသော ဓားဖြင့်ထိုးကာ ဆိုင်ကယ်အား မောင်းယူထွက်ပြေးသွားသဖြင့် နောက်မှလိုက်၍ မြဝတီမြို့နယ် တရားရုံးအနီးအရောက် အော်ဟစ် အကူအညီတောင်းရာ မျိုးမင်းဦး (ခ) ကိုမျိုး၊ ၃၇ နှစ်၊ (ဘ) ဦးဝင်းမြင့်၊ ဦးအောင်ဇေယျလမ်း၊ အမှတ်(၅) ရပ်ကွက် မြဝတီမြို့နေသူမှ ဝိုင်းဝန်းဖမ်းဆီးစဉ် ဦးအောင်ဇေယျလမ်းထောင့် မြန်မာ့စီးပွားရေးဘဏ် အနီးတွင် တွေ့ရှိပြီး ဆိုင်ကယ်မောင်းယူ ထွက်ပြေးသွားသူက ဓားဖြင့်ပြန်လည် ခုခံခဲ့ရာ မျိုးမင်းဦး (ပွန်းပဲ့ဒဏ်ရာ) ချက် ဒဏ်ရာ တစ်ချက် ကိုမျိုးတွင် ဝဲဘက်ရင်အုံ ထိုးသွင်းဒဏ်ရာတစ်ချက် (မစိုးရိမ်ရ)၊ အတွင်းလူနာ၊ ဝဲဒူးခေါင်း၊ သန့်ဇင်ဦး (ခ) ဖိုးထောင်မှာ ရင်ညွန့်အလယ် ထိုးသွင်းတစ်ချက် (စိုးရိမ်ရ အတွင်းလူနာ) ရရှိခဲ့ကြောင်း ပြောပြသိရှိရသဖြင့် ဒဏ်ရာရရှိသူ နှစ်ဦးအား မြဝတီခရိုင် ဆေးရုံကြီးသို့ ရဲဆေးစာနှင့်အတူ တင်ပို့ ထားရှိခဲ့ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ သန့်ဇင်ဦး(ခ) ဖိုးထောင်နှင့် မျိုးမင်းဦး(ခ)ကိုမျိုးတို့ နှစ်ဦးအား အပြင်းအထန် နာကျင်ဒဏ်ရာများ ရရှိအောင်ပြုလုပ်ပြီး ဆိုင်ကယ်အား လုယူမောင်းနှင် ထွက်ပြေးသူ ထွန်းထွန်းအား ဥပဒေအရ အရေးယူပေးပါရန် နယ်ထိန်း အရာရှိ ဒုရဲအုပ် မင်းမင်းထွန်းက တရားလိုပြုလုပ် တိုင်တန်းသဖြင့် မြဝတီမြို့မ ရဲစခန်းတွင် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
