Top News

ကမာရွတ်မြို့နယ် ကွန်ဒိုတိုက်ခန်းတစ်ခန်း၌ အမျိုးသားတစ်ဦးအား လူတစ်စုက လက်ထိတ်၊ တိပ်တို့ဖြင့် ချုပ်နှောင်၍ ဖုန်းများလုယက်သည့်ဖြစ်စဉ်မှ ကျူးလွန်သူများကို ဖမ်းဆီးရမိ
24htopnews | December 18, 2024 12:12 AM CST

ကမာရွတ်မြို့နယ်ရှိ ကွန်ဒိုတိုက်ခန်းတစ်ခန်း၌ အမျိုးသားတစ်ဦးအား လူတစ်စုက လက်ထိတ်၊ တိပ်တို့ဖြင့်ချုပ်နှောင်၍ ဖုန်းများလုယက်သည့်ဖြစ်စဉ်မှ ကျူးလွန်သူများကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း သြဂုတ် ၁၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၁၀ ရက် ည ၈ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ၁ ရပ်ကွက်၊ ရတနာမြိုင်လမ်း၊ ရွှေ ကွမ်း ကွန်ဒိုနေ ကနေဒါရေနံကုမ္ပဏီတစ်ခု ၏ ဌာနေကိုယ်စားလှယ်ဖြစ်သူ  ဦး . . .  (၄၉ နှစ်)  သည် နေအိမ်တွင်ရှိနေစဉ် လွန်ခဲ့သည့် တစ်ပတ်ခန့်က ရင်းနှီးခဲ့သော မနီနီဝင်းဆို သူက လုပ်ငန်းကိစ္စဆွေးနွေးရန်ဟု ဖုန်းဖြင့် ဆက်သွယ်ပြီး ဦး . . . နေထိုင်ရာ ကွန်ဒိုတိုက် ခန်းအောက်သို့ ရောက်ရှိလာသဖြင့် ဦး . . . က တိုက်ခန်းအောက်သို့ဆင်းကာ မနီနီဝင်း အား တိုက်ခန်းထဲသို့ ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းသို့ခေါ်ဆောင်ပြီး နေအိမ်တိုက် ခန်းတံခါးကို သော့ခတ်၍ သော့ကို စားပွဲ ပေါ်ရှိ နှီးခြင်းဆန်ခါအတွင်း ထည့်၍ မနီနီ ဝင်းအား စားစရာများဖြင့် ဧည့်ခံရန်အတွက် ဦး . . . က မီးဖိုခန်းအတွင်းသို့ သွားရောက် ပြင်ဆင်ခဲ့ပြီး ပြန်ထွက်လာခဲ့ကြောင်း၊ ပြန် ထွက်လာစဉ် မနီနီဝင်းမှာ အခန်းတံခါးသော့ ကိုယူ၍ တိုက်ခန်းတံခါးကိုဖွင့်ကာ ထွက် သွားသည်ကို တွေ့ရှိပြီးနောက်တွင် နေအိမ် တိုက်ခန်းအတွင်းသို့ အမည်မသိလူငယ်သုံး ဦး ဝင်ရောက်လာခဲ့ပြီး ဦး . . . ကို ဖမ်းဆီးချုပ် နှောင်ခဲ့ကြကြောင်း အမှုဖွင့်တိုင်တန်းချက် အရ သိရသည်။

ယင်းသို့ ဖမ်းဆီးချုပ်နှောင်စဉ် ဦး ... က ပြန်လည်ခုခံရာ အဆိုပါလူငယ်သုံးဦး ယူ ဆောင်လာသော ဓားဖြင့်ထိမိ၍ ဦး . . . ၏ ပေါင်တွင် ပြတ်ရှဒဏ်ရာတစ်ချက်၊ ယာ လက်ဖဝါးတွင် ပြတ်ရှဒဏ်ရာတစ်ချက်တို့ ရရှိခဲ့ကြောင်း သိရပြီး ယင်းလူငယ်သုံးဦးက ဦး . . . ၏ ပါးစပ်နှင့်လက်နှစ်ဖက်ကို တိပ် အဝါဖြင့် တုပ်နှောင်ကာ ခြေထောက်နှစ် ဖက်ကိုလည်း လက်ထိတ်ဖြင့် ခတ်ထားကြ ကြောင်း ရဲတပ်ဖွဲ့စစ်ဆေးချက်အရ သိရ သည်။

အဆိုပါလူငယ်သုံးဦးက ဦး . . . အား ချုပ်နှောင်ပြီးနောက် နေအိမ်တိုက်ခန်းအ တွင်းမှ ကျပ် ၁၇ သိန်းခန့်တန်ဖိုးရှိ I Phone 10 X အနက်ရောင်ဖုန်းတစ်လုံးနှင့် ကျပ်နှစ်သိန်းခန့်တန်ဖိုးရှိ  I Pad 3 ငွေရောင်ဖုန်းတစ် လုံးကို လုယူထွက်ပြေးခဲ့ကြောင်း      သိရသည်။

အဆိုပါဖြစ်စဉ်ကို ကမာရွတ်မြို့မ ရဲစခန်းက (ပ) ၇၇၉/၂၀၂၀ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၉၄/၃၄၂/၁၁၄ ဖြင့် အမှုဖွင့် ပြီး ကျူးလွန်သူများအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ယင်းသို့ ကျူးလွန်သူများဖမ်းဆီးရမိ ရေးအတွက် တိုင်း၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ ပူး ပေါင်းဆောင်ရွက်ရာ  ပြစ်မှုကျူးလွန်သူများ မှာ မနီနီဝင်း၊ ဝင်းမင်းထွန်း (ခ) စွမ်းထက်၊ ကျော်ငြိမ်း (ခ) ကျောက်ကျားကျော်၊ နိုင်းနိုင်း (ခ)နဂါး၊ သျှားလေး၊ ထက်အာကာ ဇော်တို့ဖြစ်ကြောင်း သိရသဖြင့် ဖမ်းဆီးရမိ ရေး ဆောင်ရွက်ခဲ့ရာ မနီနီဝင်း (၄၇ နှစ်) နှင့် ကျော်ငြိမ်း (၂၄ နှစ်) တို့နှစ်ဦးကို သြဂုတ် ၈ ရက်တွင် နမ့်စန်မြို့၌လည်းကောင်း၊ ဝင်းမင်း ထွန်း၊ နိုင်းနိုင်း၊ သျှားလေးတို့ကို သြဂုတ် ၁၄ ရက်တွင် လှိုင်သာယာမြို့နယ်တွင်လည်း ကောင်း၊ ထက်အာကာဇော်ကို မြောက်ဥက္က လာပမြို့နယ်ရှိ ၎င်း၏နေအိမ်၌လည်း ကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့အားစစ်ဆေးရာ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်အမှတ်(၁)ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် ရိပ်သာ ၅ လမ်းနေ ဒေါ် ခင်ခင်ဝင်းက ၎င်းနှင့်ပတ်သက်နေသည့် အမျိုးသားမှာ အခြားအမျိုးသမီးများနှင့် ရှုပ် ပွေနေသဖြင့် မှတ်လောက်သားလောက် အောင်ဆုံးမပေးရန် ကျပ် ၂၅ သိန်းဖြင့် မနီနီဝင်းတို့ကိုငှားရမ်းခဲ့ခြင်းဖြစ်ကာ ယင်း ကဲ့သို့ ဦး . . . ကို အုပ်စုဖွဲ့ကျူးလွန်ခဲ့ကြခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ဖမ်းဆီးရမိသည့် ကျူး လွန်သူခြောက်ဦးအား သက်ဆိုင်ရာ ကမာရွတ်မြို့မရဲစခန်းက တရားစွဲဆိုတင်ပို့ စီစဉ်ဆောင်ရွက်နေပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ဒေါ်ခင်ခင်ဝင်းကို ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်နေကြောင်း သိရသည်။

 


READ NEXT
Cancel OK