ထိုင်းနိုင်ငံတွင် ကျင်းပမည့် မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
" ဒီလ ၁၉ ရက်နေ့မှာ ပြုလုပ်မယ့် အိမ်နီးနားချင်းနိုင်ငံများ၊ မြန်မာနိုင်ငံနဲ့ အိမ်နီးနားချင်းနိုင်ငံများ အစည်းအဝေးကိုတော့ မြန်မာနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်သွားမှာ ဖြစ်ပါတယ်။ ဒီအိမ်နီးနားချင်း နိုင်ငံများဖြစ်တဲ့ တရုတ်၊ လာအို၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယက ဝန်ကြီးအဆင့်ရှိသူများ၊ ဒုတိယဝန်ကြီးအဆင့်ရှိသူများနဲ့ တာဝန်ရှိသူများလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်" ဟု ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် အလွတ်သဘောဆွေးနွေးပွဲ နှစ်ခုနှင့်ပတ်သက်၍ နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဆွေးနွေးပွဲတွင် အဓိကအားဖြင့် နယ်စပ်ရေးရာကိစ္စများ၊ နယ်စပ်ဖြတ်ကျော် မှုခင်းကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ပြီး နယ်စပ်တည်ငြိမ်ရေး၊ နယ်စပ်ဒေသဖြတ်ကျော်မှုခင်းများ ပူးပေါင်းတိုက်ဖျက်နိုင်ရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက " ဒီမှာတော့ ကျွန်တော်တို့ "ဝ"နဲ့ဖြစ်နေတဲ့ကိစ္စ၊ ဒါနဲ့ပတ်သက်ပြီး ဒါက သီးခြားကိစ္စ ဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ မြန်မာနဲ့ ထိုင်း အကြားမှာ နယ်ခြားကော်မတီအဆင့်ဆင့် ဖွဲ့စည်းထားတာ ရှိပါတယ်။ ဒါ TBC၊ RBC အစရှိသဖြင့် လစဉ်လည်း ဆွေးနွေးဆောင်ရွက်လျက် ရှိပါတယ်။ ဒီကိစ္စတွေကတော့ နယ်ခြားဒေသ ကော်မတီတွေရဲ့ ပုံမှန်အစည်းအဝေးကနေတစ်ဆင့်ပဲ ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်" ဟု ပြောကြားသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ဒီဇင်ဘာ ၁၉ ရက်တွင် ကျင်းပမည့် မြန်မာ့အရေးအလွတ်သဘော ဆွေးနွေးပွဲအား ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ ပါဝင်ဆွေးနွေးဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီဌာနမှ ထုတ်ပြန်ခဲ့ပြီး ဒီဇင်ဘာ ၂၀ ရက်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အလွတ်သဘောဆွေးနွေးပွဲကို ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
