Top News

လိင်တူချစ်သူဆန့်ကျင်သည့် အော်ဟစ်လှောင်ပြောင်မှုကြောင့် PSG - လိုင်ယွန်ပွဲ ခေတ္တရပ်နားခဲ့ရ
24htopnews | December 17, 2024 6:12 PM CST

လီဂူး-၁ ပွဲစဉ်ဖြစ်သည့် PSG - လိုင်ယွန်ပွဲ ယှဉ်ပြိုင်ကစားနေစဉ် အိမ်ရှင်အသင်းပရိသတ်များ၏ လိင်တူချစ်သူဆန့်ကျင်သည့် အော်ဟစ်လှောင်ပြောင်မှုကြောင့် ပွဲကို ခေတ္တရပ်နားခဲ့ရကြောင်း သိရသည်။

ဒီဇင်ဘာ ၁၅ ရက်က ယှဉ်ပြိုင်ကစားသည့်ပွဲတွင် PSG အသင်းက လိုင်ယွန်အသင်းအား (၃-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။

သို့သော် (၂-၁) ဂိုးရလဒ်ဖြစ်နေစဉ် ဒုတိယပိုင်း ၅၃ မိနစ်တွင် PSG အသင်းပရိသတ်များက လိင်တူချစ်သူဆန့်ကျင်သည့် စကားလုံးများဖြင့် အော်ဟစ်လှောင်ပြောင်မှုကြောင့် ဒိုင်လူကြီးက ပွဲကိုရပ်နားစေခဲ့သည်။

PSG အသင်းခေါင်းဆောင် ဟာကီမီက ပရိသတ်များအား ဖျောင်းဖျခဲ့သလို ပွဲရပ်ဆိုင်းခြင်း သို့မဟုတ် အရှုံးပေးရနိုင်ကြောင်း သတိပေးကြေညာပြီးနောက် မိနစ်အနည်းငယ်ကြာမှသာ ပွဲကို ပြန်လည်စတင်နိုင်ခဲ့ခြင်းဖြစ်သည်။


READ NEXT
Cancel OK