အမျိုးသမီး ယူရို-၂၀၂၅ ပြိုင်ပွဲအတွက် မဲခွဲပွဲကို တနင်္လာနေ့က ကျင်းပခဲ့ရာ လက်ရှိချန်ပီယံ အင်္ဂလန်အသင်းသည် အကျပ်တည်းဆုံးအုပ်စု Group of Death အတွင်း ကျရောက်ခဲ့ကြောင်း သိရသည်။
အမျိုးသမီးယူရိုပြိုင်ပွဲကို ၁၉၈၄ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး အအောင်မြင်ဆုံးမှာ ချန်ပီယံဆု (၈)ကြိမ်ရရှိထားသည့် ဂျာမနီအသင်းဖြစ်သည်။
အင်္ဂလန်အသင်းသည် နောက်ဆုံးကျင်းပခဲ့သည့် ၂၀၂၂ ပြိုင်ပွဲတွင်မှ ချန်ပီယံဆုကို ပထမဆုံးအကြိမ်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး လာမည့်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံအဖြစ် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
(၁၄)ကြိမ်မြောက်အဖြစ် ကျင်းပမည့် ယူရို-၂၀၂၅ ပြိုင်ပွဲတွင် အသင်း(၁၆) သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အင်္ဂလန်အသင်းသည် လက်ရှိချန်ပီယံဖြစ်သော်လည်း ခြေစစ်ပွဲစွမ်းဆောင်ရည်အပေါ် အကဲဖြတ်မှုအရ ဆီဒင်(၂)သာ သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။
မဲခွဲပွဲရလဒ်များအရ အုပ်စု (A)တွင် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုက်စလန်၊ ဖင်လန်၊ အုပ်စု(B)တွင် စပိန်၊ ပေါ်တူဂီ၊ ဘယ်လ်ဂျီယံ၊ အီတလီ၊ အုပ်စု(C)တွင် ဂျာမနီ၊ ပိုလန်၊ ဒိန်းမတ်၊ ဆွီဒင်၊ အုပ်စု(D)တွင် ပြင်သစ်၊ အင်္ဂလန်၊ ဝေးလ်စ်၊ နယ်သာ လန်တို့ ကျရောက်ခဲ့သည်။
အင်္ဂလန်အသင်းသည် ပြင်သစ်၊ နယ်သာလန်တို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့သည့်အတွက် Group of Death ဟု သတ်မှတ်ခံရခြင်းဖြစ်ပြီး ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းပါဝင်သည့်အုပ်စုကိုလည်း ဒုတိယအကျပ်ဆုံးအဖြစ် သတ်မှတ်ခံထားရသည်။
ယခုပြိုင်ပွဲကို ဆွစ်ဇာလန်နိုင်ငံတွင် ၂၀၂၅ ခုနှစ် ဇူလိုင်(၂)ရက်မှ (၂၇)ရက်အထိ ကျင်းပမည်ဖြစ်ပြီး ယမန်နှစ်ပြိုင်ပွဲထက် ဆုကြေးများစွာ တိုးမြှင့်ပေးအပ်သွားမည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
