ဖားကန့်မြို့၊ ဆေးရုံးကြီးအနောက်ဘက်ရှိ ဥရုချောင်းအတွင်း ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းက တူမနှင့် ဦးလေးဖြစ်သူတို့ ရေကူးသင်ရာမှ ရေနစ်ပျောက်ဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၁၅ ရက် နေ့ ညနေ ၄ နာရီခန့်က ဦးလေးဖြစ်သူ၏ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ပြီး တူမဖြစ်သူကို ဆက်လက်ရှာဖွေနေကြောင်း ဖားကန့်မြို့နယ်၊လူမှုကယ်ဆယ်ရေး အသင်းသားတစ်ဦးက ဆိုသည်။
"ဦးလေးက ဆင်းကယ်ရင်း သူပါဆုံးသွားတာ။ တူမဖြစ်သူကိုမတွေ့သေးဘူး။ နှစ်ရက်ရှိနေပြီဆိုတော့ ပေါ်တော့ပေါ်လာမှာပါ" ဟု သူကပြောသည်။
သေဆုံးခဲ့သူများမှာအသက် ၃၈ နှစ်အရွယ် ဦးအားကျူနှင့် တူမဖြစ်သူ အသက် ၁၁ နှစ်အရွယ် မစုရတီဖြိုးဆိုသူဖြစ်ကြောင်း သိရသည်။
ပျောက်ဆုံးသည့်နေက ရှာဖွေခဲ့သော်လည်း မတွေ့သောကြောင့် ယမန်နေ့မှ စတင်ကာ လူမှုကူညီရေးအသင်းများက ရေငုတ်ဝတ်စုံများဖြင့် ပြန်လည်ရှာဖွေနေကြခြင်းဖြစ်သည်။
လွန်ခဲ့သည့် ဇွန်လ ၂၅ ရက်က ဖားကန့်မြို့၊ ဆန်းကြွယ်ကျေးရွာနှင့် ကျောက်သွေးတောင်ကြားရှိ ချောင်းအတွင်းတွင် ယောက်ျားလေးနှစ်ဦး ရေကစားနေချိန်ပျောက်ဆုံးခဲ့ပြီး သုံးရက်အကြာတွင် ရုပ်အလောင်းများပြန်လည်တွေ့ရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
