အမေရိကန်ဒေါ်လာ ၁၀၀ တန်အတုများ ပြုလုပ်သုံးစွဲနေသည့် ကင်မရွန်းနိုင်ငံသား နှစ်ဦးကို မတ် ၂၁ ရက် မွန်းလွဲတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ကျောက်တံတားမြို့မ ရဲစခန်းမှ စုံစမ်းသိရှိရသည်။
နိုင်ငံခြားသားနှစ်ဦး အမေရိကန်ဒေါ် လာအတုများ သုံးစွဲ၊ လဲလှယ်နေကြောင်း သတင်းရရှိသဖြင့် ဗဟန်းရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များ၊ မှုခင်းရဲတပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲတပ်ဖွဲ့ဝင်များ၊ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် စုံစမ်းခဲ့ရာ ကင်မရွန်းနိုင်ငံသား Mr. Guillaume Nekndo Tchoungnag (၃၃ နှစ်) နှင့် Mr.Charles Abe Etounit (၄၆ နှစ်) တို့အား တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ကင်မရွန်းနိုင်ငံသား နှစ်ဦးတည်းခိုနေထိုင်ရာ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလ ပန်းခြံလမ်းရှိတည်းခိုခန်းတစ်ခုသို့ သွားရောက်ရှာဖွေရာ Mr. Guillaume Nekndo Tchoungnag တည်းခိုသည့်အခန်းအတွင်း အတုဟု ယူဆရသော အမေရိကန်ဒေါ်လာ ၁၀၀ တန် ၃၄၇၁ ရွက်နှင့် Mr.Charles Abe Etounit တည်းခိုသည့်အခန်းအတွင်း အမေရိကန်ဒေါ်လာ ငွေစက္ကူအတုပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းအမျိုး ၂၀ တွေ့ ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သက်ဆိုင်ရာရဲ စခန်းမှ စုံစမ်းသိရှိရသည်။
“ဒေါ်လာ ၁၀၀ တန်အတုတွေလုပ်နေတဲ့ ကင်မရွန်းနိုင်ငံသားနှစ်ယောက်ကို ကျွန်တော်တို့စခန်းမှာ ထိန်းသိမ်းထားတယ်” ဟု ကျောက်တံတားမြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုဖြေကြားသည်။
အမေရိကန်ဒေါ်လာအတုများနှင့် ဒေါ်လာအတုပြုလုပ်ရာတွင် အသုံးပြုသော ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသော ကင်မရွန်းနိုင်ငံသားနှစ်ဦးကို ကျောက်တံတားမြို့မ ရဲစခန်းတွင် ပြစ်မှုပုဒ်မ ၁၀၂/၂၀၁၉၊ ရာဇ သတ်ကြီး ပုဒ်မ ၄၈၉-က၊ ၄၈၉-ခ၊ ၄၈၉-ဂ၊ ၄၈၉-ဃ စသည့် ပုဒ်မများဖြင့် အရေးယူထားပြီး လက်ရှိတွင် ကျောက်တံတားစခန်း၌ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း အချက်အလက်များအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
