ပခုက္ကူမြို့ ရွှေစည်းစိမ်တည်းခိုခန်းရှိ အခန်းတစ်ခန်းတွင် အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးမှု မတ် ၂၅ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ပြီး သေဆုံးသူအမျိုးသမီးနှင့် အတူတည်းခိုသူအမျိုးသားမှာ တိမ်းရှောင်နေကြောင်း သိရသည်။
ပခုက္ကူမြို့ ရွှေစည်းစိမ်တည်းခိုခန်းရှိ အခန်းတစ်ခန်းတွင် အမျိုးသမီးတစ်ဦး သေဆုံးနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့နှင့် ရပ်ကွက်တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ အခန်းနံပါတ် --- တွင် မခိုင်မြတ်မွန် (၁၈ နှစ်အား ၎င်း၏နံဘေးတွင် ဆေးများနှင့်အတူ ပက်လက်အနေအထား သေဆုံးနေကြောင်း တွေ့ရှိရကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးမှုပြုလုပ်ရာ သေဆုံးသူနှင့် အတူတည်းခိုသည့် နိုင်လင်းအောင် (၂၈ နှစ်) (ပခုက္ကူမြို့နေ) က နံနက် ၄ နာရီခန့်တွင် မခိုင်မြတ်မွန် နေမကောင်းသဖြင့် ဆေးဝယ်သွားမည်ဟု ပြောဆို၍ ထွက်သွားခဲ့ပြီး ပြန်လည်ရောက်ရှိမလာကြောင်း၊ နံနက် ၅ နာရီခွဲတွင် နိုင်လင်းအောင်၏ အစ်မဖြစ်သူ မသက်သက်မာ ရောက်ရှိလာပြီး တည်းခိုခန်းပိုင်ရှင်ဖြစ်သူနှင့်အတူ သွားရောက်ကြည့်ရှုရာ မခိုင်မြတ်မွန်အား သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူ မခိုင်မြတ်မွန်တွင် ယာနဖူးပေါက်ပြဲဒဏ်ရာတစ်ချက်၊ နှုတ်ခမ်းသွေး ထွက်ဒဏ်ရာ (လျှာကိုက်ထား)၊ မေးစေ့အောက် လည်ပင်းညိုမည်းဒဏ်ရာတစ်ချက်၊ ဝဲ/ယာလက်ဖျံညိုမည်းဒဏ်ရာတစ်ချက်၊ ဝဲ/ ယာပေါင်ညိုမည်းဒဏ်ရာတစ်ချက်၊ နောက်ကျောအလယ်ပွန်းဒဏ်ရာများဖြင့် သေဆုံးနေကြောင်း မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
သေဆုံးသူအနီးတွင် Betadine တံဆိပ်ပါ အစိမ်းရောင်ပလတ်စတစ်ဘူးသေးတစ်ဘူး၊ Solmux တံဆိပ်ပါ သောက်ဆေးတစ်လုံး၊ OLIZA – 5 စာတန်းပါဆေးပြား ၁၀ ပြား ပါနှစ်ကတ်၊ ရှစ်ပြားပါတစ်ကတ်၊ နှစ်ပြားပါတစ်ကတ်၊ အဝါရောင်ဆေးပြား ၅၄ ပြား၊ တစ်ဖက်တွင် BPI စာတန်းပါ အဖြူရောင်ဆေးပြား ၅၅ ပြားနှင့် အဝတ်အထည်များတွေ့ ရှိရပြီးရဲတပ်ဖွဲ့က သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းထားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးရခြင်းအကြောင်းအား သိရှိရန် အလောင်းအား ရင်ခွဲစစ်ဆေးနေပြီး အတူတည်းခိုသူ နိုင်လင်းအောင် (၂၈ နှစ်) အား လိုက်လံရှာဖွေနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
