ပဲခူးမြို့နှင့် ဘုရားကြီးမြို့ကြား ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် မတ် ၁၉ ရက် ည ၈ နာရီခန့်က တွဲကားတစ်စီးမှ တိုက်မိသွားသော ဆိုင်ကယ်အား ဆီဘောက်ဆာယာဉ်မှ တက်ကြိတ်မိရာမှ ဆိုင်ကယ်ပေါ် စီးနင်းလိုက်ပါလာသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး ဆီဘောက်ဆာကားမှာလည်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၁၉ ရက် ည ၈ နာရီခန့် က ပဲခူးမြို့နှင့် ဘုရားကြီးမြို့ကြား ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် ၅၆ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံကြားတွင် ပဲခူးဘက်မှ ဘုရားကြီးဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးအား တွဲကားတစ်စီးမှ တိုက်မိပြီး လွင့်ထွက်သွားစဉ် ဆီဘောက်ဆာယာဉ် တစ်စီးက ထပ်မံ ဝင်တိုက်သောကြောင့် ဆိုင်ကယ်မှာ ကားနှင့်ညှပ်ပါသွားပြီး ဆိုင်ကယ်ပေါ်တွင် လိုက်ပါစီးနင်းသူ အသက်၂၅ နှစ်ခန့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
“တွဲကားက အရင်၊ ဆီဘောက်ဆာက နောက်က ဝင်တိုက်တာ၊ ဆိုင်ကယ်က လွင့်သွားပြီး လွင့်သွားတဲ့ ဆိုင်ကယ်ကို ဆီဘောက်ဆာကားက တက်ကြိတ်တာ။ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက် သေသွားတယ်။ ကောင်လေးနာမည်က ချစ်ပု၊ ကောင်မလေး က ယွန်း အသက်၂၅ နှစ်ဝန်းကျင်လောက် ရှိမယ်။ အဆိပ်တောင်ရွာကလို့ သိရတယ်” ဟု ပဲခူးမြို့ ကလျှာဏမိတ္တနာရေး ကူညီမှုအသင်းမှ ကူညီလုပ်ကိုင်ပေးခဲ့သူ တစ်ဦးက ပြောကြားသည်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မှာ ကားနှင့် ညှပ်ပါပြီးနောက် ဆီဘောက်ဆာယာဉ်မှာ ဦးခေါင်းပိုင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး မီးသတ်ကားများမှ ၀ိုင်းကူငြိှမ်းသတ်မှုကြောင့် ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းသွားကာ ဆီဘောက်ဆာယာဉ်မောင်းမှာ ထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဘုရားကြီးနယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
