တွံတေးမြို့နယ်တွင် ဓားနှင့် လေးခွများ ကိုင်ဆောင်ပြီး သောင်းကျန်းနေသည့် အဖွဲ့အား ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ နှစ်ဦးဖမ်းဆီးရမိခဲ့ပြီး ငါးဦးလွတ်မြောက်နေကြောင်း မတ် ၁၆ ရက်တွင် တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
မတ် ၁၅ ရက်တွင် တွံတေးမြို့နယ် အိုးဖိုအရှေ့ရပ်ကွက်ရှိ အလှူခံမဏ္ဍပ်သို့ လူတစ်စုမှာ တုတ်၊ ဓားများ ကိုင်ဆောင်ပြီး သောင်းကျန်းနေကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါနေရာ အနီးတွင် တွံတေးမြို့ နယ်နေ ဆန်းလင်းအောင် (၂၁ နှစ်)နှင့် အမည်မသိလူ ခြောက်ဦးတို့မှာ ဓား၊ လေးခွကိုယ်စီ ကိုင်ဆောင်ထားသဖြင့် ရဲတပ်ဖွဲ့က ၎င်းတို့အား လက်နက်ချရန်ပြောဆိုခဲ့ကြောင်း၊ ယင်း သို့ပြောဆိုချိန်တွင် ဆန်းလင်းအောင်တို့အဖွဲ့မှ လေးခွများဖြင့် စတင်ပစ်ခတ်ခဲ့သဖြင့် ရဲတပ်သားနှစ်ဦးမှ တစ်ဦးလျှင် သေနတ်နှစ်ချက်စီ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ပစ်ခတ်ချိန်တွင် ဆန်းလင်းအောင်တို့အဖွဲ့မှ လမ်းမနောက်ကြောရှိ ချုံတောအမှောင်ထဲသို့ ထွက်ပြေးသွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံဖမ်းဆီးရာ ဆန်းလင်းအောင်အား ၎င်း၏နေအိမ်အနီးတွင် ဖမ်းမိခဲ့ကြောင်း၊ ဆန်းလင်းအောင်အား ဖမ်းဆီးစဉ် ၎င်းမှ ခဲဖြင့်ထုသဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် ဆန်းလင်းအောင်မှာ တွံတေးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ -၃၂၆/၃၂၄/၁၁၄ အမှုမှ တရားခံပြေးဖြစ်ကြောင်း သိရသည်။
“ဆန်းလင်းအောင် ဆိုတဲ့သူက ရာဇသတ်ကြီးပုဒ်မ - ၃၂၆/၃၂၄/၁၁၄ အမှုနဲ့ တွံတေးစခန်းမှာ အရင်တုန်းက အမှုဖွင့် ခံထားရတဲ့သူပါ။ သူက အလှူခံမဏ္ဍပ်မှာ သောင်းကျန်းနေတယ်ဆိုတာ သတင်းရလို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့ တပ်ဖွဲ့က တစ်လမ်း၊ စခန်းမှူး ဦးဆောင်တဲ့ တပ်ဖွဲ့က တစ်လမ်းစီ သူ့ကိုညှပ်ဖမ်းတာပါ။ အခင်းဖြစ်နေရာကို ရောက်တဲ့အချိန် ဆန်းလင်းအောင်နဲ့ အခြားအမျိုးသား ခြောက်ဦးက လေးခွနဲ့ဓားတွေ ကိုင်ထားတော့ လက်နက်ချဖို့ပြောတာ မချဘဲ လေးခွတွေနဲ့ ရဲတပ်ဖွဲ့ကို ပစ်တယ်။ ပစ်တော့ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ပြီး လိုက်လံဖမ်းဆီးတာပါ။ ဆန်းလင်းအောင် ကိုတော့ သူ့အိမ်နားမှာမိတယ်။ သူတို့အဖွဲ့ လေးခွနဲ့ပစ်တုန်းက ရဲတပ်ဖွဲ့ဝင်လေးဦးနဲ့ သက်သေတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်” ဟု တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ဆန်းလင်းအောင်အား ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိပြီးနောက် ကျန်ကျုးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ရာ မတ် ၁၅ ရက် ည ၁၂ နာရီခွဲခန့်တွင် တွံတေးမြို့နယ် အုတ်ဖိုအရှေ့ရပ်ကွက် မြလမ်းပေါ်တွင် သံလုံး (ခ) သူရ (၃၁ နှစ်) အား ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှ ဆန်းလင်းအောင်၊ သံလုံး (ခ)သူရနှင့် ဖြစ်စဉ်တွင် ပါဝင်သည့် အမျိုးသား ငါးဦးတို့အား တွံတေးမြို့မ ရဲစခန်းမှ (ပ) ၅၀၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ - ၃၃၃/၁၁၄ ဖြင့် အမှုဖွင့်ထားပြီး လွတ်မြောက်နေသူ ငါးဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
