Top News

မိုးညှင်း နည်းပညာကောလိပ်မှ ဆရာမတစ်ဦး နေအိမ်အတွင်း ရက်စက်စွာ အသတ်ခံရ
24htopnews | December 17, 2024 11:12 AM CST

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာအုပ်စု ရေတွင်းကုန်းကျေးရွာ၌ မတ်လ ၁၇ ရက်က အမျိုးသမီးတစ်ဦး နေအိမ်အတွင်း ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ပင်းဘောနယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မတ် ၁၇ ရက် ညနေ ၃ နာရီခွဲက မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာအုပ်စု ရေတွင်းကုန်းကျေးရွာနေ ဒေါ်ကြည်အေးမှ ၎င်း၏နေအိမ်အတွင်း သမီးဖြစ်သူ မမာမာဝင်း (၂၅) နှစ် (မိုးညှင်းနည်းပညာကောလိပ်) တွင် တာဝန်ထမ်းဆောင်နေသူသည် ဓားဒဏ်ရာများဖြင့် လဲကျနေကြောင်း တွေ့ရသဖြင့် ဆေးရုံသို့ ပိုဆောင်စဉ် ဆေရုံအရောက်တွင် သေဆုံးခဲ့ပြီး ပင်းဘောနယ်မြေရဲစခန်း၌ အမှုဖွင့် တိုင်တန်းခဲ့သည်။

နယ်မြေရဲစခန်းမှူး ရဲအုပ်စိုးလွင်နှင့် တာဝန်ရှိသူများက အခင်းဖြစ်ပွားရာနေရာသို့ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူ အမျိုးသမီးတွင် ဝဲဘက်ပါးနှင့် လည်ပင်း၌ ပြတ်ရှဒဏ်ရာ တစ်ချက်စီ၊ ဝမ်းဗိုက်နှင့် ယာဘက်နံဘေးတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်စီ စုစုပေါင်းဒဏ်ရာ ရှစ်ချက်ဖြင့် သေဆုံးနေကြောင်း သိရသည်။

မိခင်ဖြစ်သူ၏ ပြောပြချက်အရ ၎င်းမှာ ဓမ္မာရာဇိကဘုရားကြီးအတွက် အလှူခံနေရာမှ မွန်းလွဲ ၂ နာရီခန့်တွင် နေအိမ်သို့ ပြန်လာရာ နေအိမ်မီးဖိုဆောင်အတွင်း သမီးဖြစ်သူမှာ အမျိုးသားတစ်ဦးနှင့် ဖုန်းကစားနေကြောင်းတွေ့ရှိရ၍ မည်သူမည်ဝါဖြစ်ကြောင်း မေးမြန်းကြည့်ရာ ရထားပေါ်တွင်သိရှိခဲ့သူ ဟိုပင်မြို့၊ မြဇေယျာရပ်ကွက်တွင် နေသူဖြစ်ကြောင်း သိရှိရပြီး အလှူခံရာသို့ ပြန်လည်သွားခဲ့ကြောင်း၊ ညနေ ၄ နာရီခန့်တွင် သမီးဖြစ်သူအား ဖုန်းခေါ်ဆိုရာ ဖုန်းမကိုင်၍ နေအိမ်သို့ ပြန်လာကြည့်ရာ သမီးဖြစ်သူမှာ သွေးအိုင်ထဲတွင် ဓားဒဏ်ရာများနှင့် လဲကျနေသည်ကို တွေ့ရပြီး ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း သိရသည်။

ဒုပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လွင်မောင်သိန်းက “အသတ်ခံရတာက  မိုးညှင်းနည်းပညာကောလိပ်က ဆရာမပါ၊ အခု မိုးကောင်းရင်ခွဲရုံမှာ မှတ်တမ်းတွေ ယူနေတယ်၊ ပြစ်မှုကျူးလွန်ရတဲ့ အကြောင်းအရင်းကို မသိရသေးဘူး၊ တရားခံကို ဖမ်းဆီးတာလည်း မမိသေးဘူး၊ သူ့နောက်ကိုတော့ လိုက်နေကြတယ်” ဟုဆိုသည်။

အခင်းဖြစ်ပွားရာ နေရာတွင် အရှည် နှစ်ဆယ်လက်မခန့်ရှိ ဝါးရိုးတပ် ဓားတစ်ချောင်း၊ အရှည် ၁၀ လက်မရှိ သစ်သားရိုးတပ် ဓားတစ်ချောင်းတို့ကို သွေးများစွန်းပေလျက် တွေ့ရှိရပြီး လူသတ်မှုကျူးလွန်သူကို အမြန်ဆုံး ဖော်ထုတ်နိုင်ရန် ပင်းဘောနယ်မြေရဲစခန်းမှ (ပ ) ၅/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အမှုကြီး အမှတ်စဉ် ၁/၉ ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း သိရသည်။

 


READ NEXT
Cancel OK