ရန်ကုန်တိုင်းရှိ မြို့နယ် လေးမြို့နယ်အတွင်း ညအိပ်ရပ်နားထားသည့် ယာဉ်များပေါ်မှ ဆန်အိတ်များ၊ အဝတ်အထည်များ၊ ဆီပုံးများနှင့် အခြားလူသုံးကုန်ပစ္စည်းများအား ခိုးယူခဲ့သည့်အဖွဲ့အား ဖမ်းဆီးရမိခဲ့ကြောင်း မတ် ၁၄ ရက်တွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
မတ် ၅ ရက် ညနေ ၅ နာရီခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကနောင်မင်းသားကြီးလမ်းမပေါ်၌ ဘိုဘိုအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းအား စစ်ဆေးရာ ခိုးမှုများ ကျုးလွန်ရာတွင် စိုးပိုင်၊ အောင်ပြည့်ဖြိုးနှင့် ဝင်းနိုင်ထွန်းတို့ပါ ပါဝင်ကြောင်း သိရသဖြင့် ကျန်သုံးဦးအား ယင်းနေ့တွင်ပင် ၎င်းတို့၏ နေအိမ်၌ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများအား စစ်ဆေးရာ ၎င်းတို့မှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မေ၊ ဇွန်၊ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ ဒီဇင်ဘာလများတွင် သာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက်၊ ရှုခင်းသာတိုက်ခန်းအနီး လမ်းဘေးတွင် ညအိပ်ရပ်နားထားသည့် ကုန်တင်ယာဉ်ပေါ်မှ ဆီ ပုံး ၁၀ ပုံး၊ မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်းရှိ မင်္ဂလာစျေးအနီး ရပ်ထားသည့် ယာဉ်များပေါ်မှ အဝတ်အထည်များ၊ တာမွေမြို့နယ်အတွင်း ရပ်ထားသည့် ယာဉ်ပေါ်မှ အဝတ်အထည်များ၊ ဆေးလိပ်ဘူး ၁၅ တောင့်၊ Metamizole sodium tablet ဆေးဘူး ၂၁ ဘူး၊ ဖိနပ်မျိုးစုံ ၄၁ ရန်တို့အား ခိုးယူခဲ့ကြောင်း သိရသည်။
ထို့ပြင် ၎င်းတို့မှာ ၂၀၁၈ ခုနှစ်အတွင်း က ဒဂုံတောင်မြို့နယ်၊ အမှတ် (၂) လမ်းမ ဆီဆိုင်တစ်ဆိုင်အနီး ညအိပ်ရပ်ထားသည့် ကုန်တင်ယာဉ်ပေါ်မှ ပိတ်စမျိုးစုံနှင့် မြတ်ဆုမွန်တံဆိပ်ပါ ဇီယာရှယ် ဆန်အိတ် ခြောက်အိတ်၊ (၁၇)ရပ်ကွက်အတွင်း ရပ်ထားသည့် ယာဉ်ပေါ်မှ ပဲတီစိမ်း အိတ် ၁၄ အိတ်တို့အား ခိုးယူခဲ့ဖူးကြောင်း သိရသည်။
၎င်းတို့မှာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းက မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ မင်္ဂလာစျေးအနီး ရပ်ထားသည့် ယာဉ်ပေါ်မှ ပိတ်စအထည်များနှင့် ဖိနပ်မျိုးစုံ ၁၁၈ ရန်အား ခိုးယူခဲ့ဖူးကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
