Top News

၁၂ နှစ်အရွယ် မိန်းကလေးအား သားမယားပြုကျင့်ရန် ကြံစည်ခဲ့သည်ဟု ဆိုသည့် ပထွေးဖြစ်သူကို လှိုင်သာယာမြို့နယ်တွင် အမှုဖွင့်
24htopnews | December 17, 2024 11:12 AM CST

လှိုင်သာယာမြို့နယ်တွင် ၁၂ နှစ်အရွယ် မိန်းကလေးငယ်ကို သားမယားပြုကျင့်ရန် ကြံစည်ခဲ့သည်ဟု ဆိုသည့် ပထွေးတော်စပ်သူအား အမှုဖွင့်ထားကြောင်း မတ် ၁၃ ရက်တွင် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ် (-) ရပ်ကွက်တွင် နေထိုင်သည့် မ.....(၃၃ နှစ်) သည် မတ် ၁၂ ရက် နံနက် ၆ နာရီခွဲခန့်က ကမာရွတ်မြို့နယ် လှည်းတန်းရှိ နေအိမ်တစ်အိမ်သို့ သွားရောက်ပြီး အဝတ်လျှော်သည့် အလုပ်လုပ်ကိုင်ခဲ့ကြောင်း၊ ထိုသို့ လုပ်ကိုင်နေစဉ် မိခင်ဖြစ်သူ ရောက်ရှိလာခဲ့ပြီး မြေးဖြစ်သူ မ.....(၁၂နှစ်) အား ပထွေးတော်စပ်သူ စိုးလေး(ခ)စိုးနိုင်က သားမယားပြုကျင့်ရန် ကြံစည်ကြောင်း လာရောက်ပြောဆိုသဖြင့် နေအိမ်သို့ပြန်ပြီး သမီးဖြစ်သူအား မေးမြန်းခဲ့ကြောင်း သိရသည်။

မေးမြန်းရာ ပထွေးတော်စပ်သူ စိုးလေး (ခ) စိုးနိုင်က မတ် ၁၂  ရက် နံနက် ၆ နာရီ ၄၀ မိနစ်ခန့်တွင် မ..... ၁၂ နှစ်၏ နှုတ်ခမ်းကို နမ်းခြင်း၊ ရင်သားများအား ကိုင်ခြင်းတို့ ပြုလုပ်သဖြင့် မပြုလုပ်ရန် တောင်းပန်ပြောဆိုရာ စိုးလေး (ခ) စိုးနိုင်က ရိုက်နှက် ရန်ပြုလုပ်ခဲ့ကြောင်း၊ ပြီးခဲ့သည့် မတ် ၈ ရက် မွန်းတည့် ၁၂ နာရီခန့်ကလည်း မ....(၃၃နှစ်) လှည်းတန်းသို့  အဝတ်သွားလျှော်သည့် အချိန်တွင် စိုးလေး (ခ) စိုးနိုင်က မ.....(၁၂နှစ်) ၏ ပါးစပ်ကို ပိတ်ကာ သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်ခဲ့ကြောင်းနှင့် ထိုသို့ပြုလုပ်သည်ကို ပြန်လည်ပြောဆိုပါက ဓားဖြင့် ထိုးသတ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်ကို မ..... (၃၃နှစ်) က သက်ဆိုင်ရာ ရဲစခန်းဖြစ်သည့် လှိုင်သာယာမြို့မရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့ပြီး ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူအား ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK