Top News

ငဖဲမြို့နယ်တွင် တစ်ပတ်ကျော်အတွင်း ကျပ်ခုနစ်ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
24htopnews | December 17, 2024 11:12 AM CST

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်တွင် မတ်၂ရက်နှင့်မတ် ၉ ရက်များက ကျပ်သိန်းခုနစ်သောင်းသုံးထောင်ခန့်တန်ဖိုးရှိသည့် WY စာတန်းပါ စိတ်ကြွဆေးပြားများ ဖမ်း ဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

မတ် ၉ ရက်ည ၇ နာရီ ၄၅ မိနစ်တွင် အမှတ်(၁၅)မူးယစ်တပ်ဖွဲ့စု (မကွေး)မှ ရဲအုပ် အောင်မြင့်၊ ငဖဲမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်း မောင်၊ သစ်တောရဲတပ်ဖွဲ့မှ ဒုရဲအုပ် ခင်မောင် တင့်၊ ပဒါန်းနယ်မြေရဲစခန်းမှူး ရဲအုပ် နေလင်း မြင့်တို့ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နတ်ရေကန်ပူးပေါင်း စစ်ဆေးရေးဂိတ် (ပျဉ်းဝ) တွင် ယာဉ်အဝင်/ထွက်များအား စစ်ဆေးစဉ် ရန်ကုန်မှစစ် တွေသို့ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံ မြို့နယ် အမှတ် (၃) ရပ်ကွက်နေ ယဉ်ထွေး (၂၂ နှစ်) မောင်းနှင်ပြီး ယာဉ်နောက်လိုက် အောင်ဘော်လိုက်ပါလာသည့် ကြံတိုင်း အောင်ခရီးသည် ပို့ဆောင်ရေးယာဉ်လိုင်းမှ ယာဉ်အမှတ် YGN 4E/----- ခြောက်ဘီး ခရီးသည်တင်မှန်လုံယာဉ်အား စစ်ဆေးရာ ယာဉ်၏ကြားခုံရှေ့တန်းတွင် လိုက်ပါလာ သော ရခိုင်ပြည်နယ် ပေါက်တောမြို့နေ လှ သိန်း (၂၄ နှစ်) ၏ ခြင်္သေ့တံဆိပ်ပါအဖြူ ရောင်ပီနံအိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၅၉၅၀၀၊ ခန့်မှန်းတန်ဖိုးတစ်ပြားလျှင် ကျပ်၅၀၀၀ နှုန်း ဖြင့် ကျပ်၂၉၇၅၀၀၀၀၀ နှင့်အတူ တွေ့ရှိ ဖမ်း ဆီးရမိခဲ့ကြောင်း မကွေးတိုင်းဒေသကြီးရဲ တပ်ဖွဲ့မှ သိရသည်။

အလားတူ မတ် ၂ ရက်ည ၁၁ နာရီ ကျော်တွင် ငဖဲမြို့နယ် နတ်ရေကန်ပူးပေါင်း စစ်ဆေးရေးဂိတ်(ပျဉ်းဝ)တွင် အမှတ်(၁၅) မူးယစ်တပ်ဖွဲ့စု(မကွေး)မှ ဒုရဲမှူး ကျော်စွာ ထွန်း၊ ငဖဲမြို့မရဲစခန်းမှ ဒုရဲအုပ် ဦးလှစိန်၊ သစ်တောရဲတပ်ဖွဲ့မှ ဒုရဲအုပ် ခင်မောင်တင့်၊ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့မှ တပ်ကြပ်ကြီး ခင်ဦးတို့  ဦးဆောင် သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ရန်ကုန်မှစစ်တွေသို့ ရခိုင်ပြည်နယ် မောင်တောမြို့ အမှတ် (၃) ရပ်ကွက်နေ သိန်းကျော် (၃၇ နှစ်) မောင်းနှင် လာသော 2M/----  ဒိုင်နာအဖြူ ရောင် ယာဉ်အား ရပ်တန့်စစ်ဆေးရာ ရန်ကုန်တိုင်း ဒေသကြီး သင်္ကန်းကျွန်းမြို့နယ် လေးဒေါင့် ကန်ရပ်ကွက်နေ ကျော်မင်းဦး (၃၆နှစ်)၊

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ခံပြင် ကျေးရွာနေ အောင်စိန် (၅၃ နှစ်) တို့နှင့်အတူ ကား ကြမ်းခင်းအောက်တွင်ဝှက်၍ သယ် ဆောင် လာသည့် WY စာတန်းပါ ပန်းရောင် စိတ်<ကဆေးပြား ၁၄၃၉၉၄၅ပြား၊ ခန့်မှန်း တန်ဖိုး ကျပ် ၇၁၉၉၇၂၅၀၀၀ အား တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

စိတ်ကြွဆေးပြားများ သယ်ဆောင်လာ သူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ များနှင့်အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကထုတ်ပြန်ထားသည်။                       

ဓာတ်ပုံ - တိုင်းဒေသကြီးရဲတပ်ဖွဲ့


READ NEXT
Cancel OK