Top News

ရွှေတိဂုံစေတီတော် ရွှေချရာတွင် အသုံးပြုသည့် ရွှေမျက်ပါးရွက်များကို ခိုးယူခဲ့သည်ဟုဆိုသည့် အလုပ်သမားနှစ်ဦးအား ဖမ်းဆီးရမိ
24htopnews | December 17, 2024 11:12 AM CST

ရွှေတိဂုံစေတီတော် ရွှေချရာတွင် အသုံးပြုသည့် ရွှေမျက်ပါးရွက်များကို ခိုးယူခဲ့သည်ဟုဆိုသည့် အလုပ်သမားနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မတ် ၉ ရက်တွင် အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။



ယင်းသို့ ဖမ်းဆီးရမိခဲ့သူ နှစ်ဦးမှာ ရွှေတိဂုံစေတီတော်ရွှေချရာတွင် အလုပ်လုပ်သည့် ဦး...(၄၂ နှစ်)နှင့် ကို...(၂၉ နှစ်)ဖြစ် ပြီး ၎င်းတို့နှစ်ဦးမှာ မတ် ၈ ရက် ညနေပိုင်း တွင် ရွှေတိဂုံစေတီတော် အထက်ပစ္စယံ ငြမ်းပေါ်တွင် ရွှေချခြင်းလုပ်ငန်းပြီးစီး၍ အောက်သို့ ပြန်ဆင်းချိန်တွင် တာဝန်ရှိသူများက စစ်ဆေးရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

အလုပ်ပြီးချိန်တွင် ဦး...(၄၂ နှစ်) ယူ ဆောင်လာသည့် အနက်ရောင်ကြွပ်ကြွပ်အိတ် အတွင်းသို့ထည့်ကာ ရွှေမျက်ပါး ၆၁ ရွက်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အလားတူ ကို...(၂၉ နှစ်) ယူ ဆောင်လာသည့် အနက်ရောင် ကြွပ်ကြွပ် အိတ်အတွင်းတွင်လည်း ရွှေချရာတွင် အသုံး ပြုသည့် ရွှေမျက်ပါး ၂၈ ရွက်အားသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။



၎င်းတို့နှစ်ဦးပေါင်း ခိုးယူခဲ့သည့် ရွှေ မျက်ပါးမှာ ၈၉ ရွက်ဖြစ်ပြီး တန်ဖိုးမှာ ငွေကျပ် သုံးသောင်းကျော်ခန့်ရှိကြောင်း၊ ခိုးယူခဲ့သူ နှစ်ဦးအား ဒဂုံမြို့မရဲစခန်းမှ (ပ)၃၆၂/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ- ၄၀၈ ဖြင့် အမှု ဖွင့်ထားကြောင်း သိရသည်။      

 

 


READ NEXT
Cancel OK