Top News

မြိုင်မြို့နယ်တွင် ကြက်ဝိုင်းတစ်ခုအား ဖမ်းဆီးရာ ကြက်တိုက်လောင်းကစား လုပ်သူလေးဦးနှင့် တိုက်ကြက်ဖများ အပါအဝင် ဆိုင်ကယ်အစီး ၄၀ ဖမ်းဆီးရမိ
24htopnews | December 17, 2024 11:12 AM CST

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်တွင် ကြက်ဝိုင်းတစ်ခုအား ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ရာ ကြက်တိုက်လောင်းကစား လုပ်နေသူ လေးဦးနှင့် တိုက်ကြက်ဖများ အပါအဝင် ဆိုင်ကယ်အစီး ၄၀ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

မတ် ၈ ရက် ညနေ ၄ နာရီခန့်တွင် ပခုက္ကူ ခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ် အောင်သန်း၊ ပခုက္ကူခရိုင် လုံခြုံရေးတပ်ခွဲမှ ရဲအုပ်နိုင်ဝင်းတို့ ဦးဆောင်သောအဖွဲ့သည် သက်သေများနှင့်အတူ ကိုင်းတောမကျေးရွာ၏ အရှေ့တောင်ဘက် တစ်မိုင်ခွဲခန့်အကွာမှ တောင်းကုန်းမကျီးပင်အောက်၌ ကြက်တိုက်လောင်းကစားဝိုင်း ပြုလုပ်နေကြောင်း ပခုက္ကူခရိုင် ရဲတပ်ဖွဲ့မှူး၏ ချပြသတင်းအရ သွားရောက်ဖမ်းဆီးခဲ့ရာ ကြက်တိုက်နေသူ လေးဦးနှင့်အတူ တိုက်ကြက်ဖငါးကောင်၊ ကြက်တိုက်လောင်းကစားရာတွင် အသုံးပြု သည့် မြေအိုးငယ် တစ်လုံး၊ လက်ကိုင်ဖုန်း သုံးလုံး၊ စုစုပေါင်း ဆိုင်ကယ်အစီး ၄၀၊ လောင်းကြေး ငွေစက္ကူရောရာ ကျပ် ၂၁၉၅၅၀ တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

“အညာမှာတော့ ကြက်ပွဲဆိုတာ ရိုးရာ ဓလေ့တစ်ခုပါပဲ။ အရင်က မင်္ဂဆောင်ရက်တွေ၊ အလှူရက်တွေမှာ ကြက်ပွဲတွေလုပ်ကြတယ်။ အခုကျတော့ လိုင်းကြေးပေးပြီး အာဝါဒေးဝိုင်းတွေ ထောင်ပြီး ၁၂ ရာသီလိုလို ကြက်ပွဲတွေ လုပ်နေကြတာ။ မဖြစ်ဘူးဆို ကြက်တစ်ပွဲ အနည်းဆုံး ကျပ်တစ်သိန်းတန်းကနေ ကျပ် ၁၀ သိန်းတန်းအထိ ဖြစ်တယ်။ လောင်းကစားသမားတွေ များလာတော့ ရွာတွေမှာ ကျွဲပျောက်နွားပျောက်၊ ဆိုင်ကယ်ပျောက်နဲ့ ခိုးမှုတွေလည်း များလာတယ်” ဟု တောင်တွင်းကြီးမြို့နယ် ဒေသခံတစ်ဦးက ပြောကြားသည်။

ကြက်တိုက်လောင်းကစား ပြုလုပ်နေမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးရမိခဲ့သည့် လောင်းကစားလုပ်သူ လေးဦးအား မြိုင်မြို့နယ် မြို့မရဲစခန်း (ပ)၃၆၆/၂၀၁၉၊ လောင်းကစား ဥပဒေပုဒ်မ ၁၂ (က) အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 


READ NEXT
Cancel OK