Top News

မြဝတီမြို့တွင် တရားမဝင် ဂိမ်းဆိုင်လောင်းကစားရုံ လာရောက်ဖွင့်လှစ်သော တရုတ်နိုင်ငံသားတစ်ဦးက ဂိမ်းဆိုင်မန်နေဂျာနှင့် ပူးပေါင်းကာ ၁၄ နှစ်အရွယ် မြန်မာအမျိုးသမီးငယ်တစ်ဦးအား တစ်ညတာ လှည့်ဖြားခေါ်ဆောင် အဓမ္မပြုကျင့်မှု ဖြစ်ပွား
24htopnews | December 17, 2024 11:12 AM CST

ကရင်ပြည်နယ် မြဝတီမြို့တွင် တရားမဝင်ဂိမ်းဆိုင်လောင်းကစားရုံ  လာရောက်ဖွင့်လှစ်သော တရုတ်နိုင်ငံသားတစ်ဦးက ဂိမ်းဆိုင်မန်နေဂျာနှင့် ပူးပေါင်းကာ ၁၄ နှစ် အရွယ် မြန်မာအမျိုးသမီးငယ်တစ်ဦးကို တစ်ညတာလှည့်ဖြား ခေါ်ဆောင် အဓမ္မပြု ကျင့်မှုဖြစ်ပွားခဲ့ကြောင်း မတ် ၉ ရက်က သိရသည်။

မြဝတီမြို့ အမှတ်(၅)ရပ်ကွက် ၁၂ ဂိတ် အနီးတွင် တရုတ်နိုင်ငံသားများ တရားမဝင် လာရောက် ဖွင့်လှစ်ထားသော လောင်းကစားဂိမ်းရုံတွင် အလုပ် လုပ်ကိုင်နေသူ ၁၄ နှစ်အ ရွယ်  မြန်မာ မိန်းကလေးငယ် မ.... သည် အလုပ်ချိန်နောက်ပိုင်း နေအိမ်သို့ပြန်လည်ရောက်ရှိခြင်းမရ်ိှ၍ မိခင် ဖြစ်သူ ဒေါ်.... က ဂိမ်းရုံသို့ သွားရှာခဲ့သော်လည်း မတွေ့ရှိခဲ့ကြောင်း သိရသည် ။

ယင်းဂိမ်းဆိုင်တွင် အလုပ်အတူလုပ်နေသူ မိန်းကလေးတစ်ဦးက ၎င်း၏ သူငယ် ချင်း မ.....မှာ ဆိုင် မန်နေဂျာ ကိုသန့်ဇင်ဝင်း ခေါ်ဆောင်မှုဖြင့် ဂိမ်းရုံပိုင်ရှင် တရုတ်လူမျိုး Wang Wei Wei ဆိုသူနှင့် အတူလိုက်သွား ကြောင်း ပြောပြသဖြင့် သိရှိရသည်ဟု မိခင် ဖြစ်သူ ဒေါ်.... က ဆိုသည်။

မိခင် ဒေါ်.... သည် ကိုသန့်ဇင်ဝင်းအး ဖုန်းဆက်မေးရာတွင် ၎င်း၏သမီးမှာ တရုတ်လူမျိုး ဂိမ်းရုံပိုင်ရှင်က ခေါ်သွားကြာင်း၊ မနက်မှ လာပို့မည်ဖြစ်ကြောင်း ပြောဆိုကာ ဖုန်းချသွားသည်ဟု ဆိုသည်။

မတ် ၉ ရက် နံနက် ၈ နာရီခန့်တွင် ဒေါ်.... သည် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များအား အကျိုးကြောင်းတိုင်ပင်နေစဉ် ဂိမ်းဆိုင်မန်နေဂျာ ကိုသန့်ဇင်ဝင်း ထံမှ ဖုန်းဆက်လာသဖြင့် နားထောင်လိုက်ရာ ၎င်း၏ သမီးငယ်အား တရုတ်လူမျိုးက လာရောက်အပ်နှံမည်။ လူကြီးစုံရာနှင့် စကားပြောမည်ဟုဆိုကာ မတ် ၉ ရက် နံနက် ၈ နာရီခန့်က နေအိမ်သို့ ရောက်ရှိလာသည်ဟု ဆိုသည်။

မိဘအုပ်ထိန်းသူ ခွင့်ပြုချက်မရှိဘဲ သားမယားအဖြစ် တစ်ည ခိုးယူပေါင်းသင်းနေထိုင်သူ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်နေ တရုတ် လူမျိုး Wang Wei Wei (၂၈ နှစ်)၊ (ဘ) Wang Jin  နှင့် ပူးပေါင်းအားပေး ပါဝင်ကြံစည်ခဲ့သူ ဂိမ်းဆိုင်မန်နေဂျာ သန့်ဇင်ဝင်း (၄၀ နှစ်)၊ (ဘ) ဦးတင်မောင်သိန်း အမှတ်(၅) ရပ်ကွက် မြဝတီမြို့နေသူတို့နှစ်ဦးအား ဥပဒေအရ အရေးယူပေးပါရန် ဒေါ်.... က မြဝတီ မြို့မရဲစခန်း၌ အဖွင့်တိုင်ကြားခဲ့သည်။

သို့ဖြစ်၍ အသက်မပြည့်သူ မြန်မာအမျိုးသမီးငယ် (ဂိမ်းဆိုင်လုပ်သား) အား အိမ်ပြန်ပို့မည်ဟု ခေါ်ဆောင်ကာ တစ်ည ပေါင်းသင်းခဲ့သူ တရုတ်လူမျိုးနှင့် အားပေးကူညီသူ ဂိမ်းရုံမန်နေဂျာ သန့်ဇင်ဝင်းတို့ နှစ်ဦးအား မြဝတီမြို့မရဲစခန်းမှ (ပ)၃၃၇/ ၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၆၃/၃၇၆/ ၁၁၄ ဖြင့် အမှုဖွင့်ဖမ်းဆီးအရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK