Top News

ဒိုက်ဦးမြို့နယ်၌ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသောအမျိုးသမီးကို သတ်သူမှာ Online တွင် ချစ်ကြိုက်ခဲ့သူဖြစ်ကြောင်း သိရ
24htopnews | December 17, 2024 11:12 AM CST

ဒိုက်က်ဦးမြို့နယ် ဖောင်တော်သီနယ် မြေရဲစခန်းအပိုင် ပျဉ်းမလွင်ကျေးရွာ လယ်ကွင်းထဲတွင် ဇန်နဝါရီ ၃၀ ရက် ညနေ ၄ နာရီ ခွဲခန့်က ထိုးသွင်းဒဏ်ရာ ၁၆ ချက်ဖြင့် သေဆုံးနေသော အမျိုးသမီးအလောင်းအား တွေ့ရှိခဲ့ရပြီး စုံစမ်းစစ်ဆေးမှုများအရ ပြစ်မှုကျူးလွန်သူမှာ အွန်လိုင်းပေါ်မှချစ်သူဖြစ်ပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ စုံစမ်းထားသလောက် ကောင်မလေးက ဆင်ဇလုပ်ကျေးရွာ ဒိုက်ဦးမြို့နယ်ထဲကဖြစ်ပြီး အိမ်ထောင်သည် အသက် ၂၃ နှစ် ကလေးတစ်ယောက်အမေ။ ကလေးက ယောကျ်ားလေး၊ နှစ်နှစ်အရွယ်။ နာမည်က မ----လို့ သိရတယ်။ ယောကျ်ားက ယိုးဒယားမှာ အလုပ်လုပ်နေတယ်။ ပတ်ဝန်းကျင်ရွာက ကောင်လေးတစ်ယောက်နဲ့ Online ပေါ်ကနေတစ်ဆင့် ငြိစွန်းသွားကြတယ်လို့ စုံစမ်းသိရှိရတယ်။ အဲဒီကောင်လေးနဲ့ ဇန်နဝါရီ ၂၆ ရက်က အတူထွက်သွားကြတယ်။ ၂၈ ရက်ညမှာ ကောင်လေးသူ့အိမ် ပြန်ရောက်တော့ ကောင်မလေး ပါမလာဘူး။ ကျွန်တော်တို့ အလောင်းကိုတွေ့တော့ ၃ဝရက် ရောက်ပြီ။ တရားခံက ၄၈ နာရီအတွင်း ပြင်ဆင်ခွင့်ရသွားတယ်။ အနီးမှာတော့ မရှိတော့ဘူး။ ဖမ်းဆီးရမိရေးတော့ ဆောင်ရွက်ဆဲပါပဲ” ဟု ဒိုက်ဦးမြို့နယ် ဖောင်တော်သီနယ်မြေရဲစခန်းမှူး ရဲအုပ်နေလင်းက ပြောကြားသည်။

ဖြစ်စဉ်မှာ ဒိုက်ဦးမြို့နယ် ပျဉ်းမလွင် ကျေးရွာ၏ အနောက်တောင်ဘက် နှစ်မိုင်ခန့် ရန်ကုန်-မန္တလေးကားလမ်း အရှေ့ဘက်ခြမ်းမိုင်တိုင် ၇၈/၂ နှင့် နှစ်ဖာလုံခန့်အကွာ ဦးကျော်လွင်ဦး၏ လယ်ကွင်းထဲတွင် ထိုးသွင်းဒဏ်ရာများနှင့် အမည်မသိအမျိုးသမီးတစ် ဦးသေဆုံးနေကြောင်း ပျဉ်းမလွင်ကျေးရွာ၏ ရာအိမ်မှူး ဦးသန်းဇော်က ဇန်နဝါရီ ၃၀ ရက် ညနေ ၄ နာရီခွဲခန့်က ဖောင်တော်သီနယ် မြေရဲစခန်းသို့ သတင်းပေးခဲ့ကြောင်း သိရသည်။

ဖောင်တော်သီနယ်မြေရဲစခန်းမှ ခေတ္တစခန်းမှူး ဒုရဲအုပ်ထင်လင်းအောင်နှင့် အဖွဲ့က သွားရောက်စစ်ဆေးရာ အမျိုးသမီးမျက်နှာတွင် ဖူးရောင်ပေါက်ပြဲဒဏ်ရာ၊ ယာဘက်မျက်လုံးအနည်းငယ်ပြူးထွက်ဒဏ်ရာ၊ လည်ပင်းတွင် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ယာဘက်နို့အုံတွင် ထိုးသွင်းဒဏ်ရာနှစ်ချက်၊ ယာနို့အုံအောက်တွင် ထိုးသွင်းဒဏ်ရာနှစ်ချက်၊ ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ ၁၀ ချက်၊ ဝမ်းဗိုက်ချက်ဘေးတွင် ထိုးသွင်းဒဏ်ရာတစ်ချက် စုစုပေါင်း ၁၆ ချက်တို့အား စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ တွေ့ရှိချိန်တွင် သေဆုံးသူအမျိုးသမီးမှာ မည်သူဖြစ်ကြောင်း မသိရှိရသေးဘဲ ဒုရဲအုပ်ထင်လင်းအောင်က တရားလိုလုပ်တိုင်ကြား၍ (ပ) ၁၉/၂၀၁၉ အမှုကြီးအမှတ်စဉ် ၂/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့ပြီး ယခုအခါတွင် သေဆုံးသူနှင့် ပြစ်မှုကျူးလွန်သူကိုပါ စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK