Top News

ရတနာပုံတက္ကသိုလ် ကျောင်းသားအား လုယက်ပြီး အုပ်စုဖွဲ့ ဓားဖြင့်ထိုးသတ်ခဲ့သည့် အမှုမှ ကျူးလွန်သူဟု ယူဆရသူ တစ်ဦးကို ဖမ်းဆီးရမိ
24htopnews | December 17, 2024 11:12 AM CST

ရတနာပုံတက္ကသိုလ် ကျောင်းသား မောင်စိုးမိုးဟိန်းအား လုယက်ပြီး အုပ်စုဖွဲ့ ဓားဖြင့်ထိုးသတ်ခဲ့သည့် အမှုမှ ကျူးလွန်သူဟု ယူဆရသူ တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

“မောင်စိုးမိုးဟိန်းကို သတ်တဲ့အမှုက တရားခံတစ်ဦးကို ဖမ်းဆီးရမိထားပါတယ်။ သူကအတွဲတွေကို ပစ်မှတ်ထားပြီး ခုလို လုယက်မှုတွေ ကျူးလွန်တယ်လို့ သတင်းကြားတဲ့အတွက် ရပ်ကင်း၊ ဝပ်ကင်းတွေနဲ့စောင့်ပြီး ဖမ်းရာမှာ ခုလိုမိတာပါ။ ခိုးမှုတွေတင်မကဘူး။ တစ်ခြားလုယက်မှုတွေရော အများကြီးမိတယ်” ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမျိုးအောင်က ပြောကြားခဲ့သည်။

မောင်စိုးမိုးဟိန်းအား လုယက်သတ်ဖြတ်ခဲ့ရာတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည် ဟုဆိုသည့် နေထက်ရှိုင်း (ခ) ဝက်ပေ့ (၂၄နှစ်) ဆို သူကို မတ်လ ၂ ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၈ ဒီဇင်ဘာလ ၂၅ ရက် ညနေ ၆ နာရီခန့်က အမရပူရမြို့နယ်၊ ပန်းဘဲတန်းရပ်တွင် နေထိုင်သည့် ရတနာပုံတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား မောင်စိုးမိုးဟိန်း (၂၂နှစ်) သည် သူငယ်ချင်းဖြစ်သူ မ... (၂၄နှစ်) နှင့် အတူထိုင်ကာ ဂန္ဓာရုံကျောင်းရှေ့၊ ကန်ပတ်လမ်းဘေးရှိ အုတ်ခုံပေါ်တွင် စကားပြောဆိုခဲ့ကြောင်း၊ ထိုသို့ စကားပြောဆိုနေစဉ် ၇ နာရီခွဲခန့်တွင် အမည်မသိ လူငယ်လေးဦးသည် ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာကာ ၎င်းတို့အနီးရပ်၍ အကူညီတောင်းစရာ ရှိသည်ဟု ပြောဆိုကာ မောင်စိုးမိုးဟိန်းတို့ နှစ်ဦးကို တစ်ဦးစီ နောက်မှသိုင်းဖက်ပြီး မျက်နှာအုုပ်ထားခဲ့ကြောင်း၊ ၎င်းတို့အနက် တစ်ဦးမှ မောင်စိုးမိုးဟိန်းကို ချွန်ထက်သောအရာဖြင့် ထိုးလိုက်ရာ ကန်စပ်သို့ ပြုတ်ကျသွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဓားဖြင့်ထိုးသွင်း ခဲ့သောကြောင့် မောင်စိုးမိုးဟိန်းမှာ ဝဲဘက်ရင်အုပ်နှင့် တင်ပါးတို့တွင် ထိုးသွင်းဒဏ်ရာ ၂ ချက် ရရှိခဲ့ရာ ၎င်းတို့နှစ်ဦးသည် ပတ်ဝန်ကျင်းသို့ အကူညီတောင်းခံခဲ့ပြီး မန္တလေးဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ကြောင်း သိရသည်။

ထိုသို့ကုသနေစဉ် ဒီဇင်ဘာလ ၂၆ ရက် နံနက် ၁ နာရီ ဝန်းကျင်တွင် မောင်စိုးမိုးဟိန်းမှာ ရရှိသော ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ရတနာပုံ ဆိုင်ဘာစီးတီးမှ ကျောင်းသားတစ်ဦး ရိုက်နှက်ခံရပြီး သေဆုံးခဲ့ပြီးနောက် တစ်လအတွင်း ဒုတိယမြောက် ကျောင်းသားတစ်ဦး လုယက်ဓားထိုး ခံရမှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

၂၀၁၈၊ သြဂုတ်လ ၂၉ ရက်ကလည်း ကျောက်ဆည် စက်မှုလက်မှုသိပ္ပံမှ တတိယနှစ် ကျောင်းသားတစ်ဦး လုယက်ဓားထိုး ခံရမှုကြောင့် သေဆုံးခဲ့သည်။

 

         


READ NEXT
Cancel OK