ရီးယဲလ်မက်ဒရစ်အသင်းသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ကြုံတွေ့နေရသည့် ဘဏ္ဍာရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် အသင်းကစားသမားများကို လစာ (၁၀)ရာခိုင်နှုန်း ထပ်မံဖြတ်တောက်ရန် အလိုရှိနေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီတွင် ပေါင် (၈၃)သန်း အရှုံးပေါ်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဘဏ္ဍာရေးကျပ်တည်းမှုကို ဖြေရှင်းရန်အတွက် ကစားသမားများကို လစာ (၁၀) ရာခိုင်နှုန်းဖြတ်တောက်ခဲ့သည်။
ရီးယဲလ်အသင်းသည် ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့ကာလတွင် ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ကစားသမားသစ် ခေါ်ယူခဲ့ခြင်းမရှိဘဲ အသင်းရှိကစားသမားများကို ရောင်းချခြင်း၊ အငှားချခြင်းများ ပြုလုပ်ခဲ့ပြီး အသင်း၏လစာငွေကို လျှော့ချခဲ့သည်။
သို့သော် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးမှာ လက်ရှိအချိန်ထိ ရင်ဆိုင်နေရဆဲဖြစ်ပြီး စပိန်နိုင်ငံတွင် ကွင်းအတွင်း ပရိသတ်များ ဝင်ရောက်ကြည့်ခွင့်မပြုသေးပေ။
ရီးယဲလ်အသင်းသည် ပုံမှန်အတိုင်းဆိုလျှင် လက်ရှိ ၂၀၂၀-၂၁ ရာသီတွင် ပေါင် (၈၂၁) သန်းအထိ ဝင်ငွေရရှိမည်ဖြစ်သော်လည်း ကပ်ဘေးကြောင့် ပေါင် (၅၆၂)သန်းသာရရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ရီးယဲလ်အသင်းသည် ရာသီကုန်တွင် အရှုံးသက်သာစေရန်အတွက် ကစားသမားများ၏ လစာကို (၁၀)ရာခိုင်နှုန်း ထပ်မံဖြတ်တောက်ရန် အလိုရှိနေခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် ရီးယဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်သည် ဘာစီလိုနာအသင်းကဲ့သို့ ကစားသမားများနှင့် အငြင်းမပွားစေဘဲ လစာဖြတ်တောက်နိုင်ရန် ညှိနှိုင်းနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
