Top News

ဒီယွန်းအား ခေါ်ယူရန် ဘိုင်ယန်မြူးနစ် ပစ်မှတ်ထား
24htopnews | December 17, 2024 8:12 AM CST

ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းသည် ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီယွန်းအား ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း စပိန်သတင်းစာ Mundo Deportivo က ဖော်ပြခဲ့သည်။

ဘာစီလိုနာအသင်းသည် အသက် (၂၃)နှစ်အရွယ်ရှိ နယ်သာလန်ကွင်းလယ်လူ ဖရန်ကီဒီယွန်းအား ၂၀၁၉ နွေရာသီအပြောင်းအရွှေ့ကာလကမှ ပေါင် (၆၉)သန်းဖြင့် ခေါ်ယူခဲ့ပြီး ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်ချုပ်ဆိုထားသည်။

သို့သော် ဘာစီလိုနာအသင်းသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ယခုဘဏ္ဍာနှစ်တွင် ပေါင် (၈၈)သန်း အရှုံးပေါ်ခဲ့သလို၊ အကြွေးပမာဏမှာလည်း ပေါင်သန်း (၄၄၀)အထိ မြင့်တက်လာခဲ့သည်။

ထို့ကြောင့် ဘာစီလိုနာအသင်းသည် အသင်းကစားသမားများကို လစာငွေ ဖြတ်တောက်မှုများ ပြုလုပ်ခဲ့သလို၊ ကစားသမားအချို့ကို ရောင်းချဖွယ်ရှိနေကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။

ထို့ကြောင့် ဘိုင်ယန်မြူးနစ်အသင်းက ဒီယွန်းကို ပေါင် (၆၅)သန်းဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။ 


READ NEXT
Cancel OK