Top News

ရီးယဲလ်သို့ ဘာပေ ပြောင်းရွှေ့နိုင်ကြောင်း ဆူကာ ဆို
24htopnews | December 17, 2024 8:12 AM CST

ရီးယဲလ်တိုက်စစ်မှူးဟောင်း ဒေဗော်ဆူကာက PSG တိုက်စစ်မှူး ဘာပေအနေဖြင့် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိသည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ရီးယဲလ်အသင်းသည် ၂၀၂၂ ခုနှစ်တွင် PSG အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် ပြင်သစ်တိုက်စစ်မှူး ဘာပေကို လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူမည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

ဆူကာက ဘောလုံးသမားများအနေဖြင့် အောင်မြင်မှုကို ဆာလောင်စိတ်ရှိသူများသာ အောင်မြင်ကြောင်း ပြောကြားခဲ့သည်။

ဆူကာက ''လက်ရှိဘောလုံးလောကမှာ ငွေကြေးစီးဆင်းမှုက အရမ်းများပါတယ်။ ဒါပေမဲ့ အောင်မြင်မှုကို ဆာလောင်တဲ့သူတွေကပဲ ကစားသမားဘဝမှာ အောင်မြင်တာပါ။ ဒီတော့ အသင်းတွေအနေနဲ့ အောင်မြင်မှုကို ဆာလောင်စိတ်ရှိတဲ့ သူတွေကို ခေါ်ယူလိုပြီး ဘာပေဟာ ရီးယဲလ်အတွက် ကစားဖို့ ဆန္ဒရှိတယ်လို့ ထင်ပါတယ်''ဟု ဆိုခဲ့သည်။ 


READ NEXT
Cancel OK