မန်ယူအသင်း၏ ကွင်းလယ်လူ ပေါ့ဘာသည် သူ၏ အနာဂတ်နှင့်ပတ်သက်၍ အသင်းနည်းပြ ဆိုးလ်ရှားနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး အသင်းမှထွက်ခွာရန် တောင်းဆိုမှုပြုလုပ်ဖွယ်ရှိနေသည်ဟုလည်း သိရှိရသည်။
ပေါ့ဘာသည် မန်ယူအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးရန် နီးစပ်နေပြီဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် စာချုပ် ပြည့်မည်ဖြစ်သည်။ ယင်းအတွက်ကြောင့် လက်ရှိစာချုပ် သက်တမ်းမှာ တစ်နှစ်ခွဲသာ ကျန်ရှိတော့သလို၊ ပေါ့ဘာကို စာချုပ်သက်တမ်းတိုးရန်ကိစ္စမှာလည်း အေးဂျင့်ဖြစ်သူကြောင့် အဆင်ပြေဖွယ်မရှိချေ။
လိုက်ပ်ဇစ်အသင်းနှင့် ကစားခဲ့သည့် ပွဲမတိုင်မီတွင်ပင် ပေါ့ဘာ၏ အေးဂျင့်ဖြစ်သူ ရိုင်အိုလာက ပေါ့ဘာသည် မန်ယူအသင်းတွင် မပျော်ရွှင်ကြောင်း ပြောခဲ့ဖူးပြီး မန်ယူအသင်းတာဝန်ရှိသူများက ယင်းမှတ်ချက်စကားအတွက် ဒေါသထွက်ခဲ့သည်။
ပေါ့ဘာသည် ယင်းမှတ်ချက်အပြီးတွင် လိုက်ပ်ဇစ်အသင်းနှင့် ကစားရသည့် အဝေးကွင်း၊ အရေးကြီးပွဲစဉ်၌ အရန်ခုံတွင်သာ ထိုင်နေခဲ့ရပြီး လူစားဝင်လာချိန်တွင် ဂိုးသွင်းယူနိုင်ခဲ့သော်လည်း မန်ယူအသင်းသည် သရေဂိုးရရှိရန် မလုံလောက်တော့ဘဲ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။
ယင်းအတွက်ကြောင့် မန်ယူအသင်းကလည်း ပေါ့ဘာကို အလွတ်ထွက်ခွာခွင့်ပေးချိန်အထိ စောင့်ရန်ထက် ရောင်းထုတ်ရန် စဉ်းစားနေသည်ဟု သိရှိရသည်။
ယခုအခါ ပေါ့ဘာ ကိုယ်တိုင်ကလည်း အသင်းမှထွက်ခွာရန် ကိစ္စအတွက် ဆိုးလ်ရှားနှင့်ဆွေးနွေးသွားရန် စီစဉ်နေသလို၊ ယခုလာမည့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင်ထွက်ခွာရန် ဆန္ဒရှိနေပြီး၊ သူ ယခင်က ကစားခဲ့ဖူးသည့် အသင်းဟောင်း ဂျူဗင်တပ်စ်သို့ ပြန်သွားဖွယ်ရှိနေသည်ဟုလည်း သတင်းများက ဆိုနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
