မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ပြီးခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဒဏ်ရာမှ သက်သာလာပြီး ပြန်လည်ဝင်ရောက်ကစားခဲ့သည့် အသင်း၏ဝါရင့်တိုက်စစ်မှူး အဂွဲရိုးအား မန်ချက်စတာဒါဘီတွင် ပွဲထွက်အဖြစ် အသုံးပြုဦးမည်မဟုတ်ကြောင်း အတည်ပြုခဲ့သည်။
အဂွဲရိုးသည် မာဆေးလ်အသင်းနှင့် ကစားခဲ့သည့်ပွဲတွင် သွင်းဂိုးနှင့် အတူ ပြန်လာနိုင်ခဲ့သော်လည်း ဂွါဒီယိုလာကမူ အဂွဲရိုး ပုံမှန်အတိုင်းပြန် ကစားရေးကို အလျင်စလို ပြုလုပ်ဦးမည်မဟုတ်ဘဲ ဖြည်းဖြည်းချင်းသာ ပြန်လည်အသုံးပြုသွားမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
အဂွဲရိုးသည် ယခုရာသီတွင် ဒူးဒဏ်ရာ၊ တံကောက်ကြော ဒဏ်ရာများ၏ ဒုက္ခပေးမှုများကြောင့် ပွဲစဉ် (၅)ပွဲသာ ကစားရသေးသူဖြစ်ပြီး နောက်ဆုံးအကြိမ်ဒဏ်ရာရခဲ့စဉ် ကလည်း ပြန်လည်သက်သာလာပြီး ပြန်ကစားသည့်ပွဲတွင်ပင် ဒဏ်ရာပြန် လည်ရရှိခဲ့သည်။
ယင်းအတွက်ကြောင့် ဂွါဒီယိုလာက အဂွဲရိုးကို ယင်းကဲ့သို့ ထပ်မံအဖြစ်မခံတော့ဘဲ ဖြည်းဖြည်းချင်းသာ သုံးစွဲမည့်အကြောင်းကို ယခင်ကတည်းက ဆိုခဲ့ဖူးပြီး၊ မာဆေးလ်နှင့်ပွဲအပြီး မန်ချက်စတာဒါဘီတွင် အဂွဲရိုးကို ပြန်သုံးဖွယ် ရှိ၊ မရှိ မေးမြန်းမှုကိုလည်း "No"ဟု ပြန်လည်ဖြေကြားခဲ့သည်။
ဂွါဒီယိုလာ "အဂွဲရိုးက ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ်ဂိုးတွေ အမြဲသွင်းယူနိုင်တဲ့ ဗီဇ ရှိသူပါ။ သူက လေ့ကျင့်ခန်းအစီအစဉ် (၃) ကြိမ်၊ (၄) ကြိမ်လောက်ပဲ လုပ်ရသေးပြီး သူ့ရဲ့ခြေစွမ်းကလည်း ကောင်းပါတယ်။ ဒီပွဲမှာ (၂၅)မိနစ်ကစားခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ အဆင့်ဆင့်ပဲ သွားမှာပါ။ အရမ်းစွန့် စားပြီး အသုံးပြုတာမျိုးတွေကို ကျွန်တော်မလုပ်ချင်သေးပါဘူး"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
